Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“အရေးပေါ်ကယ်ဆယ်ရေး စားသောက်စရာနဲ့ ဆေးဝါးကုသပေးနိုင်ရေးအတွက် အရေးပေါ်လိုအ ပ်‌နေသလို မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း စက်သုံးလောင်စာဆီများ အရေးပေါ်လိုအပ်လျှက် ရှိနေပါတယ်”

ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသည့် Kayan Rescue Committee မှ ကိုချမ်းအေးကို လူထုနွေဦး(People’s Spring )က ဆက်သွယ်မေးမြန်းထားပါသည်။

(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)
(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)

▪︎ပင်​လောင်းမြို့နယ်အတွင်းစစ်ဘေးရှောင်အရေးကူညီနေသည့် Kayan Rescue Committee မှ ကိုချမ်းအေးနဲ့​မေးမြန်းခန်း

စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ- ပင်လောင်း​ဒေသတွင် ဇွန်လလယ်ဝန်းကျင်မှ စ၍ တိုက်ပွဲ များဆက်တိုက်ဖြစ်ပွား​နေသည်။ ဇွန်လ ၂၂ ရက်အထိ စစ်ကောင်စီပူးပေါင်းအဖွဲ့ ၏လက်နက်ကြီးနှင့် ဒရုန်းကြောင့် အရပ်သားပြည်သူ အယောက် ၂၀ ကျော်ထိခိုက်ဒဏ်ရာရထားပြီးဘုန်းကြီးတစ်ပါး အပါအဝင် ​ဒေသခံပြည်သူသေဆုံးမှုများလည်း ရှိနေသည်ဟု စစ်​ဘေး​ရှောင်များကိုကူညီ​ပေး​နေ​သောအရပ်ဘက်အဖွဲ့အစည်းများက ​ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာလည်း နေ့စဥ်တိုးလာနေပြီး အရေးပေါ်ရွှေ့ပြောင်း မှုအတွက် အခက်အခဲများရှိနေကာ အကူအညီများလိုအပ်နေ​ကြောင်း ၎င်းတို့က သတင်းစကားပါးတောင်းဆိုသည်။ လက်ရှိ ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသည့် Kayan Rescue Committee မှ ကိုချမ်းအေးကို လူထုနွေဦး(People’s Spring )က ဆက်သွယ်မေးမြန်းထားပါသည်။

(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)
(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)

ရဲ​ခေါင်/People’s Spring

မေး-မြေပြင်တိုက်ပွဲအခြေအနေကို သိရသလောက် ပြောပေးပါဦး။

Public Service Announcement

Public Service Announcement

ဖြေ-စကစနဲ့ PNO(ပအိုဝ်းပြည်သူ့စစ်)တွေအင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်လာရတယ်။ဖယ်ခုံနဲ့ ပင်လောင်းဖက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတိုင်းလိုလိုကို ပစ်ခတ်နေပါတယ်။

မေး- စစ်ကောင်စီ နဲ့ ပအိုဝ်း ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးနေတာ ဘယ်လိုရည်ရွယ်ချက်​​ကြောင့်လို့ထင်လဲ ။

ဖြေ- အဲဒါတော့ သေချာမပြောနိုင်သေးဘူး။တချို့ အချက်အလက်တွေအရတော့ ဖယ်ခုံ ဘက်အထိ ထိုးနိုင်တယ်လို့ သိရတယ်။အဲဒါဆိုရင်တော့ စစ်ရှောင်တွေ ထောင်နဲ့ချီထပ်တိုးလာနိုင်တယ်။

(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)
(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)

မေး-အခု ပင်လောင်းမြို့နယ်မှာ စစ်ဘေးရှောင် အရေအတွက်နဲ့ ထွက်​ပြေး​နေရတဲ့ကျေးရွာတွေ​ပြောပြ​ပေးပါလား။

ဖြေ- ၃,၅၀၀ ထက်မနည်း ရှိနေတယ်။လွယ်ကျိုင် ဆောင်လန်၊ မိုးဦး နဲ့ သစ်ပင်ကောက် ရွာတွေက ပြည်သူတွေပေါ့။နောက်ပြီး အရင်စစ်ဘေးရှောင်တွေပါ ထပ်ဆင့် စစ်ဘေးရှောင်ရတဲ့ အခြေအနေပေါ့။နောင်ဝိုးရွာ အနီးတစ်ဝိုက်မှာလည်း ပိတ်မိတဲ့ပြည်သူတွေ ရှိနေသေးတယ်။

မေး -ထပ်ဆင့် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေအကြောင်း နည်းနည်းအသေးစိတ်ပြောပေးပါဦး။

ဖြေ-အများစုက ဖယ်ခုံ၊မိုးဗြဲ ၊ ဒီးမောဆို၊ လွိုင်ကော်က စစ်ရှောင်တွေပါ။တချို့ဆို နှစ် နှစ် နီးပါးရှိပြီ။နောက်ပြီး အခုလို ထပ်ဆင့်ထပ်ဆင့် ရွှေ့ရတာလည်း လေးငါးခါရှိနေပြီး။မိုးဦးရွာဘက်ကတော့ အခုမှ ပထမဆုံးအကြိမ်ရှောင်ရတဲ့ ပြည်သူတွေပါတယ်။

မေး-ဘယ်​လို​နေရာ​တွေကို ရှောင်ကြရလဲ ။

ဖြေ-အနောက်ဖက်ခြမ်း အရှေ့ဖက်ခြမ်းမှာရှောင်ကြတယ်။တစ်နည်းအားဖြင့်ဒီးမော့ဆို၊ ဖယ်ခုံဘက်ပြန်ရှောင်ကြတယ်။အချို့က ညောင်ရွှေ၊အောင်ပန်း၊တောင်ကြီးသွားကြတယ်။

(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)
(စစ်​ကောင်စီတပ် စစ်​ကြောင်းထိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ပင်​လောင်းမြို့နယ်အတွင်းမှ စစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-Kayan Rescue Committee)

မေး – စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် လိုအပ်ချက်က ဘာတွေဖြစ်မလည်းဗျ။

ဖြေ- အရေးပေါ်ကယ်ဆယ်ရေး စားသောက်စရာနဲ့ ဆေးဝါးကုသပေးနိုင်ရေးအတွက် အရေးပေါ်လိုအ ပ်‌နေသလို မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း စက်သုံးလောင်စာဆီများ အရေးပေါ်လိုအပ်လျှက် ရှိနေပါတယ်။

မေး-ဖြည့်စွက်ပြောလိုတာရှိသေးလားဗျ။

ဖြေ- စစ်ကောင်စီအနေနဲ့ အရပ်သားတွေရှိတဲ့နေရာကို အကြောင်းမဲ့ ပစ်ခတ်တာတွေ ရပ်တန့်စေချင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။