Connect with us

Hi, what are you looking for?

ဗီဒီယို

မန္တလေးမြို့ မြောက်ဘက် မတ္တရာနယ်မှာ တပ်စခန်း ၃၀ နီးပါး မန္တလေး PDF သိမ်းယူ

မန္တလေးတိုင်း ၊မတ္တရာမြို့ နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ရာမှာ သုံးပတ်တာအတွင်း စခန်း ၃၀ နီးပါး ကို သိမ်းယူပြီးပြီလို့ မန္တလေး PDF က အသိပေးပါတယ်။

မန္တလေးတိုင်း ၊မတ္တရာမြို့ နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ရာမှာ သုံးပတ်တာအတွင်း စခန်း ၃၀ နီးပါး ကို သိမ်းယူပြီးပြီလို့ မန္တလေး PDF က အသိပေးပါတယ်။

မန္တလေးတိုင်း ၊မတ္တရာမြို့ နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ရာမှာ သုံးပတ်တာအတွင်း စခန်း ၃၀ နီးပါး ကို သိမ်းယူပြီးပြီလို့ မန္တလေး PDF က အသိပေးပါတယ်။

စစ်ကောင်စီ ရဲ့ အလယ်ပိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းနဲ့ မိုင်၂၀ ကျော်သာ ဝေးတဲ့ မတ္တရာမြို့ နယ်ထဲက တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစတင်ပြီး မန္တလေး PDF က ထိုးစစ်ဆင်ခဲ့တာပါ။

ထိုးစစ်စပြီး ၂၁ ရက်အကြာမှာ မတ္တရာမြို့ပေါ်နဲ့ ၃မိုင်သာခန့်သာဝေးတဲ့ မန္တလေး – မိုးကုတ် လမ်းပိုင်းပေါ် က တောင်တံငါရွာ တပ်စခန်းထိ မန္တလေး PDF က သိမ်းယူလာနိုင်ပြီး မြို့နားထိ တဖြေးဖြေး ချဉ်းကပ်လာနိုင်တာတွေ့ရပါတယ်။

ဒါအပြင် မတ္တရာမြို့အရှေ့ခြမ်း က ကျောက်တံတားရွာ တပ်စခန်း ကိုသိမ်းဖို့ တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မန္တလေး PDF က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်တံတားရွာဟာ မတ္တရာမြို့ပေါ်နဲ့တော့ ၅ မိုင်ဝန်းကျင်ပဲ ဝေးတာပါ။

မန္တလေး PDF ရဲ့ စစ်ရေး သတင်းဖော်ပြချက်အရ မတ္တရာမြို့ ကို မြို့ရဲ့ မြောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းတွေက နှစ်ဖက် ညှပ် ပြီး ချဉ်းကပ် တိုက်ခိုက်နေတာ သိရပါတယ်။

မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် တပ်စခန်း ၂၈ ခုကို သိမ်းယူထားပြီးဖြစ်တဲ့ မန္တလေး PDF ဟာ ကျန်ရှိနေတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်မယ်လို့ ကြေညာထားတာပါ။

မန္တလေး PDF သိမ်းယူထားတဲ့ စခန်းတွေထဲမှာ ဆိုရင် မတ္တရာ မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာရှိပြီး စစ်ကောင်စီတပ်နေရာယူ တပ်စွဲထားခဲ့တဲ့ ALPHA ဘိလပ်မြေ စက်ရုံ ပါပါဝင်နေပါတယ်။

အဲဒီဘိလပ်မြေစက်ရုံက ဆုတ်ခွာပြေးရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ စက်ရုံ အဆောက်အဦးတွေကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ မန္တလေး PDF က ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မတ္တရာနယ်က စခန်းတွေ လက်လွတ်ရနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမတွေ့ရပါဘူး။

ဒါပေမယ့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မိုင် ၂၀ ပတ်ချာလည်အတွင်း တိုက်ပွဲတွေ ရောက်လာချိန်မှာ တော့ မတ္တရာဘက်ကနေ မန္တလေး ဘက်ဆီ အဝင်အထွက် ပြုလုပ်ရာ ရွေကျင် ဂိတ်ကို စစ်ကောင်စီက ပိတ်ဆို့ ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

တိုက်ပွဲတွေကြောင့် မတ္တရာ မြို့ ပေါ်နဲ့ ရွာတွေ ဒေသခံတွေဟာဧရာဝတီမြစ်တဖက်ကမ်းက စစ်ကိုင်းဘက်ဆီ နဲ့ နီးစပ်ရာမြို့တွေဆီ စစ်ရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။