Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨နိုင်ငံကို ဦးဆောင်ဖို့ တာဝန်ကို မျိုးဆက်သစ်တွေဆီ လွှဲပေးသင့်ပြီလို့ ယုံကြည်ကြောင်း ဘိုင်ဒန်ပြော

ရွေးကောက်ပွဲ ဆက်မဝင်ဖို့ ဆုံးဖြတ်ချက်ကို ကြေညာပြီး ၄ ရက်အကြာမှာ ဘိုင်ဒန်က ပြည်သူတွေဆီ လိပ်မူပြီး ပထမဆုံး မိန့်ခွန်းပြောခဲ့တဲ့အခါ သူက လက်ရှိဟာ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ဆီ တာဝန်လွှဲပြောင်းပေးရမယ့် အချိန်လို့ ယုံကြည်ထားကြောင်း ထည့်ပြောသွားခဲ့ပါတယ်။

အမေရိကန် ပြည်သူတွေ အနေနဲ့ နိုင်ငံရေး တာဝန်တွေ ဦးဆောင်မှုကို မျိုးဆက်သစ် တစ်ခုစီ လက်ဆင့်ကမ်းပေးဖို့ ရွေးချယ်ရမယ့်အချိန် ရောက်လာပြီလို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ ဆက်မဝင်ဖို့ ဆုံးဖြတ်ချက်ကို ကြေညာပြီး ၄ ရက်အကြာမှာ ဘိုင်ဒန်က ပြည်သူတွေဆီ လိပ်မူပြီး ပထမဆုံး မိန့်ခွန်းပြောခဲ့တဲ့အခါ သူက လက်ရှိဟာ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ဆီ တာဝန်လွှဲပြောင်းပေးရမယ့် အချိန်လို့ ယုံကြည်ထားကြောင်း ထည့်ပြောသွားခဲ့ပါတယ်။

သူက လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ တစ်ခုကို ဥပမာပေးပြီး အခုအခါမှာ ဟားရစ်နဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေဆီ မီးရှူးတိုင် လွှဲပေးရမယ့် ကာလ ရောက်လာပြီလို့ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီဟာ ဟားရစ်ကို ရွေးကောက်ပွဲဝင် သမ္မတလောင်းအဖြစ် တရားဝင် မရွေးချယ်သေးပေမယ့် လက်ရှိ အခြေအနေတွေအရ ဟားရစ်ဟာ အရေးပါတဲ့ ပါတီခေါင်းဆောင်ပိုင်းရဲ့ ထောက်ခံမှုကို ရထားပြီး ဖြစ်သလို ဘိုင်ဒန် ကိုယ်တိုင်ကလည်း သူ့အစား ဟားရစ်သာ ရွေးကောက်ပွဲ ဝင်ခွင့်ရထိုက်တယ်လို့ ထောက်ခံချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲကနေ ဇူလိုင် ၂၄ ရက်နေ့မှာ မိန့်ခွန်းပြောခဲ့တဲ့အခါ ဘိုင်ဒန်က သူ့ရဲ့ လက်ရှိ ရာထူးသက်တမ်း မကုန်ဆုံးခင် အတောအတွင်း အမေရိကန် ပြည်သူတွေအတွက် ရည်စူးထားတဲ့ အစီအစဉ်တွေကို လက်စသတ်နိုင်ဖို့လည်း အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ လက်ရှိကာလမှာတော့ ဒီမိုကရေစီ အဓွန့်ရှည်အောင် ဆက်လက် ကာကွယ်ရေး ဆိုတာဟာ ကဏ္ဍအားလုံးထက် ပိုအရေးကြီးတဲ့ ခေါင်းစဉ်မျိုး ဖြစ်နေပြီလို့လည်း သူက ဆိုပါတယ်။ ဒီမိုကရေစီကို ကာကွယ်ရေး ဆိုတဲ့ ကြီးမြတ်တဲ့ လုပ်ငန်းတာဝန်ဟာ သူ့ကိုယ်ကျိုးအတွက် မဟုတ်ကြောင်း၊ အမေရိကန် နိုင်ငံသားတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ အနာဂတ်တွေအတွက်ဖြစ်ကြောင်းလည်း ဘိုင်ဒန်က ထည့်ပြောသွားပါတယ်။

အမေရိကန်ရဲ့ အကောင်းဆုံး ဂုဏ်ပုဒ်က ဘုရင်တွေ၊ အာဏာရှင်တွေ ကြီးစိုး အုပ်ချုပ်နေတာ မဟုတ်ဘဲ ပြည်သူတွေကသာ အုပ်ချုပ်နေတယ် ဆိုတာဖြစ်ကြောင်းလည်း ဘိုင်ဒန်က ဆိုပါတယ်။ သူက ရွေးကောက်ပွဲမှာ ဆက်မပြိုင်ဘဲ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့တော့ ဘိုင်ဒန်က အမေရိကန်ဟာ သစ်လွင်တဲ့ အသံတွေ၊ လတ်ဆတ်တဲ့ အသံတွေ၊ အတိအကျ ပြောရရင်တော့ ပိုမိုငယ်ရွယ်တဲ့ မျိုးဆက်ရဲ့ အသံတွေကို နေရာပေးဖို့ လိုအပ်တာကို နားလည်လို့ ဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

လက်ရှိ အခြေအနေအရ လူထုအမြင် စစ်တမ်းတွေမှာ ဟားရစ်နဲ့ ထရမ့်အပေါ် လူကြိုက်များမှုတွေက ပြတ်ပြတ်သားသား ကွာခြားတာမျိုး မရှိဘဲ အကြိတ်အနယ် ရှိနေတယ်လို့ ညွှန်ပြနေပါတယ်။ တစ်ဖက်မှာတော့ ထရမ့်ဟာ ဟားရစ်ရော၊ ဘိုင်ဒန်ကိုပါ ဇူလိုင် ၂၄ ရက်နေ့ မဲဆွယ်မှု အစီအစဉ် တစ်ခုမှာ ထိုးနှက်သွားခဲ့ပါတယ်။

သူက ဘိုင်ဒန်ဟာ အမေရိကန် သမိုင်းမှာ နိုင်ငံကို ထိခိုက်နစ်နာမှုတွေ အများဆုံး ဖန်တီးခဲ့တဲ့ သမ္မတလို့ ဝေဖန်ခဲ့ပြီး ဟားရစ်ကတော့ လက်ဝဲစွန်း အရူးတစ်ယောက်ဖြစ်ပြီး သမ္မတထိုင်ခုံပေါ် ရောက်သွားရင် နိုင်ငံကို အကြီးအကျယ် ဖျက်ဆီးပစ်လိမ့်မယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရင် ဂျင်းပီယေးက ရွေးကောက်ပွဲ ဆက်မဝင်ဖို့ ဘိုင်ဒန် ဆုံးဖြတ်ခဲ့တာဟာ ကျန်းမာရေးကြောင့် မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ တကယ်တမ်းမှာ ဘိုင်ဒန်ဟာ နောက်ထပ် သမ္မတ ၄ နှစ်သက်တမ်းကို ကောင်းကောင်းကြီး တာဝန်ယူနိုင်စွမ်း ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

ဘိုင်ဒန်ဟာ ပါတီတွင်းမှာ သူ့ကို ရွေးကောက်ပွဲ မဝင်ဖို့ ဖိအားပေးမှုတွေ မြင့်တက်လာပြီးတဲ့နောက် ၃ ပတ်လောက် အကြာမှ အခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ဒန်ရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်လို့ သမ္မတဟောင်း ဘာရတ် အိုဘားမား အပါအဝင် ပါတီဝင် အမြောက်အမြားက ကောင်းချီးပေး ချီးကျူးခဲ့ကြပါတယ်။

လောလောဆယ်မှာတော့ ဟားရစ်ဟာ ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ခွင့်ရတာ သေချာစေဖို့ အတွက်ရော၊ ရွေးကောက်ပွဲမှာ ထရမ့်အပေါ် အသာစီး ယူနိုင်ဖို့ပါ မဲဆွယ်လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် အစပြုနေပြီ ဖြစ်ပါတယ်။

ကိုးကား CNN⁩

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။