Hi, what are you looking for?
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေ တိုက်ဖျက်ရေးကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်နဲ့ အမေရိကန် အစိုးရကြား တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ခြေအပေါ် U.S. Campaign for Burma အပါအဝင် အရပ်ဖက် အဖွဲ့အစည်း နှစ်ဒါဇင်ကဇူလိုင် ၁ ရက်နေ့မှာ ပူးတွဲ ကန့်ကွက်လိုက်ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ် အင်တိုင်းကုန်းကျေးရွာအနီး ယနေ့နံနက် က KNU တပ်ဖွဲ့ဝင်များကို ခြုံခို တိုက်ခိုက်ရန် ကြိုးစားရာ နှစ်ဖတ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သည်။ ကျောက်စရစ်ကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာတွင် ကျောက်ကြီးမြို့နယ် အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်နှင့် အဖွဲ့သားများက...
အာဏာသိမ်းစစ်ကောင်စီက အင်တာနက်အားလုံးဖြတ်တောက်ရန် စီစဥ်နေတယ်ဆိုတဲ့ ညွန်ကြားစာတစ်ရွက်ဒီနေ့ညမှာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီစာက မှန်၊ မမှန် People’s Spring က အတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီက မိုဘိုင်းအင်တာနက် ၊ ဝိုင်ဖိုင်အင်တာနက်တွေကို ဖျက်တောက်ထားတာမှာ ယခုနောက်ဆုံးတစ်ခုတည်းသာကျန်တော့တဲ့ ဖိုက်ဘာအင်တာနက်ကိုပါဖျက်တောက်ဖို့ စီစဥ်နေကြောင်း စာမှာတွေ့ရပါတယ်။ အင်ထရာနက် (Intranet)ဆိုပြီး...
မကွေးနှင့် မိတ္ထီလာလေတပ်စခန်း ဌာနချုပ်နှစ်ခုကို ဧပြီ ၂၉ ရက်နံနက် အစောက ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခြင်းမှာ အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူနှင့် ဒေသခံအချို့က ပြောသည်။ “ကျွန်တော်တို့ကြားတာက ပြီးခဲ့တဲ့ရက်ပိုင်းမှာတုန်းက ကချင်ပြည်နယ်မှာ လေတပ်ကနေပြီးတော့ ကောင်းကင်က နေပြီး နှိမ်နင်းတာ ပေါ့ KIA...
ဘုရားသုံးဆူမြို့မှာ အမည်မသိလက်နက်ကိုင်အဖွဲ့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတပ်များ ကြား ဒီနေ့နံနက် (၈)နာရီကျော်ကစပြီး တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ပါတယ်။ ဘုရားသုံးဆူမှာရှိတဲ့ ချက်ပွိုင့်နဲ့ တပ်ကုန်း တို့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်မှုများ မရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောတယ်လို့ KNU ကထုန်ပြန်ပါတယ်။