Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်တိုက်ခိုက်မှု ဒရုန်းအစီး ၃၀ကျော်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်ပြော

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းတစ်စီးနှင့် တိုက်ခိုက်ရာ တည်နေရာအားညတွေ့ရစဉ်။ ဓာတ်ပုံ - MOD၊စကစ)
(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းတစ်စီးနှင့် တိုက်ခိုက်ရာ တည်နေရာအားညတွေ့ရစဉ်။ ဓာတ်ပုံ - MOD၊စကစ)

▪️အာဏာခေါင်းဆောင်အိမ် ကိုလည်းတိုက်ခိုက်ခဲ့ပြီးထိခိုက်မှု ရှိ၊ မရှိမ​သိသေး

▪️စစ်ကောင်စီက ဒရုန်းခုနစ်စင်း ပစ်ချခဲ့ပြီးထိခိုက်မှုမရှိဟု ထုတ်ပြန်

▪️“ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပါပြီ” NUG ကာကွယ်​ရေးဝန်ကြီး

မောင်မောင်/People’s Spring

နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ် ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာတွင် ဒရုန်းအစီးရေ ၃၀ကျော် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာနှင့် အေလာလေတပ်တို့ကို ယနေ့တွင် ဒရုန်းများဖြင့်တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက်မှုများရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က အသိပေးထုတ်ပြန်ထားသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းတစ်စီးနှင့် တိုက်ခိုက်ရာ တည်နေရာအားညတွေ့ရစဉ်။ ဓာတ်ပုံ - MOD၊စကစ)
(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းတစ်စီးနှင့် တိုက်ခိုက်ရာ တည်နေရာအားညတွေ့ရစဉ်။ ဓာတ်ပုံ – MOD၊စကစ)

ယင်းသို့ တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး စစ်ကောင်စီကလည်း အတည်ပြုထားပြီး ထိခိုက်မှုမရှိဘဲ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်းတုံ့ပြန်သည်။

Public Service Announcement

Public Service Announcement

နေပြည်တော်လေဆိပ်သို့ ပြန်သန်းလာသည့် ဒရုန်း လေးစီးနှင့် ဇေယျာသီရိမြို့နယ် ပျံသန်းလာသော ဒရုန်းသုံးစီး စုစုပေါင်း ၇စီးကို ပစ်ချနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိဟု စစ်ကောင်စီက ဆိုသည်။

ယင်းနှင့်ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က ဒရုန်းအစီး ၃၀ကျော် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထားတိုက်ခိုက်ရာတွင် စစ် ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်​၏ နေအိမ်လည်းပါဝင်သည်ဟု ပြောသည်။

“(မင်းအောင်လှိုင်အိမ်)ပါတယ်။ အထိအခိုက် မသိရသေးတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းတစ်စီးနှင့် တိုက်ခိုက်ရာ တည်နေရာအားညတွေ့ရစဉ်။ ဓာတ်ပုံ - MOD၊စကစ)
(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဒရုန်းတစ်စီးနှင့် တိုက်ခိုက်ရာ တည်နေရာအားညတွေ့ရစဉ်။ ဓာတ်ပုံ – MOD၊စကစ)

“မနက် ၉ နာရီလောက်က ပေါက်ကွဲသံတွေ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ ဒီဘက်မှာက သိပ်ကြားလေ့ မရှိတော့ အားလုံးက ဘာဖြစ်တာလဲ ဆိုတာ တမနက်လုံး အချင်းချင်းလိုက်မေးနေကြတာ။ အခုသိရသလောက်တော့ စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ သိရတယ်။ လယ်ဝေးဘက်က လူတွေပြောတာတော့ အေလာလေဆိပ်ဘက်ကို စစ်ကား၊ လူနာတင်ကားတွေ တောက်လျှောက်သွားနေတယ်တဲ့။ ထိခိုက်မှု ရှိမယ်လို့ ထင်ပါတယ်” ဟု နေပြည်တော်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

​အေလာ​​လေဆိပ်တိုက်ခိုက်မှုတွင်စစ်​​ကောင်စီတပ်သား ၄ ဦးထိခိုက်​ကြောင်း စစ်​ကောင်စီနှင့်နီးစပ်​သော​ဒေသခံတစ်ဦးက​ပြောသည်။

NUG ကာကွယ်​ရေးဝန်ကြီး ဦး​ရည်မွန်ကလည်း” ဒီ​နေ့ ​နေပြည်​တော်”ဟု ​ခေါင်းစဥ်တပ်၍ဒရုန်း ​စစ်ဆင်​ရေးနှင့်ပတ်သပ်၍”ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။

ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” စစ်ဆင်​ရေးနှင့်ပတ်သပ်၍ ​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။