Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်”

ကျန်းမာရေး (အထူး) ကောင်းမွန်သူ ဖြစ်ရမယ်တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်သူဖြစ်ရမယ်၊ တပ်ဖွဲ့မှ သတ်မှတ်ပေးထားသောနယ်မြေများတွင် လေ့ကျင်/သင်ကြား/နေထိုင်/စုဖွဲ့နိုင်သူ ဖြစ်ရမယ်။

MDY-PDFပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်နဲ့​မေးမြန်းခန်း
MDY-PDFပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်နဲ့​မေးမြန်းခန်း

MDY-PDFပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်နဲ့​မေးမြန်းခန်း

အာဏာသိမ်းစစ်​​ခေါင်း​ဆောင်အမိန့်နဲ့​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမ​နေရဥပ​ဒေကိုထုတ်ပြန်ခဲ့တယ်။ပြည်သူ​တွေမုန်းတဲ့ အကြမ်းဖက်စစ်​ကောင်စီ​တပ်သားမဖြစ်ချင်တဲ့လူငယ်​တွေရဲ့ စစ်အုပ်စုကို​ဆန့်ကျင်​တော်လှန်ချင်တဲ့စိတ်ဓါတ်ကိုမီးထိုး​ပေးလိုက်သလိုဖြစ်​စေခဲ့တယ်။​တော်လှန်​ရေးအဖွဲ့​တွေဆီတာဝန်ထမ်းဖို့ဆက်သွယ်တဲ့လူငယ်​တွေအများကြီးရှိ​နေတယ်။ဒီအချိန်မှာအခြား​တော်လှန်​ရေးအဖွဲ့​တွေနည်းတူ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)-MDY PDFကလည်းတပ်ဖွဲ့ဝင်အသစ်​တွေကိုဖိတ်​ခေါ်လိုက်ပါတယ်။အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမယ်။

ကျန်းမာရေး (အထူး) ကောင်းမွန်သူ ဖြစ်ရမယ်တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်သူဖြစ်ရမယ်၊ တပ်ဖွဲ့မှ သတ်မှတ်ပေးထားသောနယ်မြေများတွင် လေ့ကျင်/သင်ကြား/နေထိုင်/စုဖွဲ့နိုင်သူ ဖြစ်ရမယ်။

အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားကို လက်ခံနိုင်သူဖြစ်ရမယ်၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သိစ္စာစောင့်သိသူဖြစ်ရမယ်၊ တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်မူဘောင်များကို လေးစားလိုက်နာသူဖြစ်ရမယ်၊မိမိအပေါ်ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ် ဆိုတဲ့ အချက် ၈ ချက်နဲ့ကိုက်ညီတဲ့သူ​တွေကိုတော်လှန်ရေးရဲဘော်အသစ်များကို နွေးထွေးစွာ စောင့်ကြို​နေတယ်လို့​ကြေညာထားပါတယ်။

ဒါ​ကြောင့် MDY-PDF ပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်ကိုPeople’s Spring ကမေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

-ဒီပ၊​ဟေဇယ်/People’s Spring

​မေး။စစ်​ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပ​ဒေ​ကြောင့်မခံချင်လို့ ၊စစ်တပ်လက်​အောက်မဝင်နိုင်လို့ ​​တော်လှန်ချင်တဲ့ လူငယ်​တွေကို ဘယ်လိုအကြံ​ပေးချင်ပါလဲ။

​ဖြေ။စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာက သူတို့ရဲ့တပ်ဖွဲ့ထဲမှာ ဘယ်လောက်တောင် အင်အားလိုအပ်ချက်ကြီးမားနေတယ်၊ ဘယ်လောက်အင်အားတွေလျော့နည်းပြီး ပြုန်းတီးနေတယ်ဆိုတဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုတော့ ဖြစ်သွားတယ်။ အရင်ကလည်း စစ်တပ်က တပ်သားတွေစုတဲ့နေရာမှာ ထောင်ထဲမှာအကျဥ်းချခံထားတဲ့ ရာဇဝတ်သားတွေ၊တပ်ပြေးတွေ ပြန်လက်ခံပြီး အင်အားစုဆောင်းတယ်ဆိုတာတွေ တွေ့ရတယ်။ ဒီတစ်ကြိမ်မှာအဲလောက်နဲ့မလုံလောက်လို့ တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေ စစ်ထဲမှာထည့်ဖို့ကြိုးစားလာတာ စစ်ကောက်ဖို့ကြိုးစားလာတာတွေ့ရတယ်။ ဒါတွေဟာ တော်လှန်ရေး၃နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က ဘယ်လောက်အင်အားပြုန်းတီးနေတယ်၊ ဘယ်လောက်အင်အားလျော့နည်းနေတယ်ဆိုတာတွေကိုထင်သာမြင်သာရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်မှုထမ်းဥပဒေပြဠာန်းလိုက်လို့ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအများကြီးရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့လိုက်ရတယ်။ ဒါကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အများကြီး အားတက်စရာအခြေအနေဖြစ်ပါတယ်။ ကြိုဆိုရမယ့် အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဥပဒေကြောင့်ပဲ အရင်တုန်းက တော်လှန်ရေးနဲ့အလှမ်းဝေးတဲ့ ထဲထဲဝင်ဝင်မလုပ်တဲ့ ပြည်သူတွေလူငယ်တွေကိုပါ ဒီတော်လှန်ရေးအင်အားစုတွေနဲ့ ပိုနီးစပ်အောင် တွန်းပို့ပေးလိုက်သလို အခြေအနေမျိုးတော့ ဖြစ်သွားတယ်။ ဒီအခြေအနေဟာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အခြေအနေကောင်းတွေလို့ ပြောလို့ရပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ပူးပေါင်းတိုက်ပွဲဝင်လာမယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေးဟာပိုပြီးတော့မြန်လာမယ်။ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ဟာ အမြန်ဆုံးရောက်လာမယ်လို့ ပြောရင်ရပါတယ်။

လူငယ်တွေကိုဘယ်လိုအကြံပေးချင်လဲဆိုတော့ ဒီစစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီလက်အောက်မှ စစ်မှုမထမ်းချင်ဘူးဆိုပြီး သိရတဲ့အတွက် အများကြီးဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။ ပြည်သူတွေရဲ့ဒုက္ခတွေဟာ ကျွန်တော်တို့ရဲ့ဒုက္ခလို့ပဲခံယူပါတယ်။ ကျွန်တော်တို့ MDY PDFအနေနဲ့ကော တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတက်နိုင်ဆုံး ကူညီပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း လွန်ခဲ့တဲ့၃နှစ်က အခြေအနေမျိုးတော့မဟုတ်တော့ဘူးပေါ့။ ကျွန်တော်တို့ နယ်မြေစိုးမိုးမှုအတိုင်းအတာတစ်ခုထိရလာတယ်။ စစ်ရေးအတွေ့အကြုံတွေပိုကောင်းလာတယ်။ လက်နက်တပ်ဆင်မှုတွေ ပိုပြီးတော့ပြည့်စုံလာတာဖြစ်တဲ့အတွက် လက်ရှိပြည်မအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီးတော့ ဖြေရှင်းပေးမယ်၊ ကူညီပေးမယ်၊ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တိုက်ပွဲဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဘာမှအားမငယ်ကြပါနဲ့။ ကျွန်တော်တို့တသားတည်းရှိနေတယ်။အတက်နိုင်ဆုံးကူညီပေးသွားမယ်။

​မေး။ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တ​လေးက ရဲ​ဘော်အသစ်​တွေ ဖိတ်​ခေါ်​နေတာ​တွေ့ပါတယ် ။ MDY- PDF ဆီမှာတာဝန်ထမ်း​ဆောင်ချင်ရင် ဘာ​တွေလိုအပ်လဲ ။

​ဖြေ။ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအနေနဲ့ တပ်ဖွဲ့ဝင်အသစ်တွေစုဆောင်းနေတာမျိုးတွေ ရှိပါတယ်။ အဓိကကတော့လိုအပ်ချက်လို့ပြောမယ်ဆိုရင်တော့အသက်၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။ ကျန်းမာရေးကောင်းမွန်တဲ့သူ ဖြစ်ရပါမယ်။ ကျွန်တော်တို့နဲ့အတူလက်တွဲပြီး တော်လှန်ရေးပြီးတဲ့အထိ အိမ်မပြန်စတမ်း လက်တွဲတိုက်ပွဲဝင်နိုင်ရမယ့်လူတွေ ဖြစ်ရပါမယ်။အဓိကအရေးကြီးတဲ့အချက်ကတော့ ဒီအချက်တွေပါပဲ။ ကျန်တာတွေကတော့လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။ လေ့ကျင့်သင်ကြားပေးဖို့လည်း အသင့်ရှိပါတယ်။ အမြဲတမ်းလည်းကြိုဆိုနေပါတယ်။

​မေး။စစ်​ကောင်စီ​ရဲ့ စစ်မှုထမ်းဥပ​ဒေကြောင့် လူငယ်​တွေဟာ စစ်အာဏာရှင်ကို​တော်လှန်မလား ၊ ပြည်သူ​တွေရွံမုန်းတဲ့စစ်​ကောင်စီနဲ့ပူး​ပေါင်းမလား ဆိုတဲ့အ​​ခြေအ​နေ ၂ ခုထဲက တစ်ခုကို​မဖြစ်မ​နေရွေးရမယ့်အ​ခြေအ​နေဖြစ်လာတယ် ။ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်သားအ​နေနဲ့ ခံယူပြီး စစ်​ကောင်စီကို ​ဘာ​ကြောင့်တော်လှန်သင့်တယ်လဲ ဆိုတာကို ရှင်းပြ​ပေးပါလား ။

​ဖြေ။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအနေနဲ့စစ်ပွဲထဲကို မဖြစ်မနေဝင်ရောက်ရမယ့်အနေအထားမျိုးဖြစ်သွားတယ်။ စစ်ကောင်စီရဲ့လက်အောက်မှာ စစ်မှုထမ်းမလား၊ ဒါမှမဟုတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကိုဖြုတ်ချမလား ဒီနှစ်ခုပဲရွေးချယ်စရာရှိတော့တယ်။ ဒီအချိန်မှာဘာကြောင့်တော်လှန်ရေးအင်အားစုတွေကို ရွေးချယ်သင့်လဲဆိုတာကို ပြောရမယ်ဆိုရင် ဒီစစ်ကောင်စီက. အာဏာသိမ်းမှု၃နှစ်တာကာလအတွင်းမှာ အဘက်ဘက်ကယုတ်လျော့ပျက်စီးနေတယ်လို့ပြောရင်ရတယ်။ ဒီ၃နှစ်တာကာလအတွင်းမှာ CDM လုပ်သွားတဲ့စစ်သားတွေ တပ်ပြေးသွားတဲ့စစ်သားတွေ ကျဆုံးဒဏ်ရာရတဲ့အရေအတွက်တွေဟာ တော်ရုံအရေအတွက်မဟုတ်ဘူး။ တော်တော်​လေးကိုကြီးမားတဲ့အရေအတွက်ဖြစ်တယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာဆိုရင် လူအင်အားဆုံးရှုံးမှုနဲ့ နယ်မြေဆုံးရှုံးမှုက ပိုပြီးတောင်ကြီးမားလာတာမျိုး တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီလိုစစ်မှုထမ်းဥပဒေပြဌာန်းလာတဲ့အခြေအနေအထိ သူတို့ဘက်က ဆုံးဖြတ်လာတာဖြစ်တယ်။ ပြောရရင်ဒီစစ်တပ် Institution တစ်ခုလုံးက အကျဘက်ကိုတောက်လျှောက်ထိုးစိုက်နေပြီးတော့ အဘက်ဘက်က အားနည်းနေပြီလို့ပြောရရင်ရတယ်။ သူတို့နဲ့မတူဘဲ ပြောင်းပြန်အချိုးကျနေတာက တော်လှန်ရေးအင်အားစုတွေ။ စတင်စုဖွဲ့စည်ကာလနဲ့မတူတော့ဘဲနဲ့ ဒေသအသီးသီးမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေဟာ တိုက်ရည်ခိုက်ရည်တွေပိုကောင်းလာပြီး အတွေ့အကြုံတွေပိုများလာကြပြီ။ အမိန့်နာခံမှုနဲ့စစ်စည်းကမ်းကောင်းမွန်မှု၊ ကျင့်ဝတ်လိုက်နာမှုတွေပိုကောင်းလာပြီး စိုးမိုးနယ်မြေတွေ တဖြည်းဖြည်းကျယ်ပြန့်လာပြီ။ လက်နက်တပ်ဆင်မှုတွေပိုအားကောင်းလာပြီ။ ဒီအချက်တွေဟာဒွိဟဖြစ်နေတဲ့လူငယ်ထုအတွက် ရွေးချယ်မှုသဲကွဲစေတဲ့အချက်တွေဖြစ်မယ်လို့ထင်ပါတယ်။

​မေး။မိန်းက​လေး​တွေ​ရော တပ်သားသစ်လုပ်ရပါလား ။ဘယ်လိုသတ်မှတ်ချက်​တွေလိုလဲ။

​ဖြေ။အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင် အနေနဲ့လက်ခံသွားဖို့ရှိပါတယ်။ စတင်စုဖွဲ့စဥ်ကာလကတည်းကလည်း အမျိိုးသမီးစစ်မေတွေကိုလက်ခံနိုင်ခဲ့တယ်။ MDY PDFက အမျိုးသမီးစစ်မေတွေဟာ တိုက်ခိုက်ရေးတာဝန်တွေကောတပ်ဖွဲ့လည်ပတ်စေရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာပါတာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အသစ်လာချင်တဲ့အမျိုးသမီးတွေကိုလည်း တပ်ဖွဲ့ဝင်အသစ်နဲ့လက်ခံသွားဖို့ရှိပါတယ်။ ကြိုလည်းကြိုဆိုနေပါတယ်။

​မေး။မန္တ​လေးတိုင်းကမဟုတ်ပဲ တခြား​ဒေသကဆိုရင်​ရော ပူး​ပေါင်းလို့ရပါလား။

​ဖြေ။ကျွန်တော်တို့တပ်ဖွဲ့က အမည်နာမမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တ​လေး MDY PDFဆိုပေမယ့် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ဒေသအသီးသီးက ရဲဘော်တွေဖြစ်ပါတယ်။ ဒေသပိုင်းခြားသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဘယ်ဒေသကလာတဲ့လူငယ်တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေအဖြစ် လက်ခံပါတယ်။ကြိုလည်းကြိုဆိုပါတယ်။

​မေး။စစ်​မှုထမ်းဥပ​ဒေထွက်လာပြီး​တော့ အ​ကြောင်းအမျိုးမျိုး​ကြောင့်​တော်လှန်​ရေးမှာ မပါ​သေးတဲ့ လူငယ်​တွေကို ​တော်လှန်​ရေးလုပ်​နေတဲ့ ရဲ​ဘော်အချို့က ခွဲခြား​ပြောတာ၊အထင်​သေးတာမျိုး လူမှုကွန်ယက်မှာ ​ပြောဆို​ရေးသားတာမျိုး အနည်းငယ်​တွေရပါတယ် ။ ​တော်လှန်​ရေးရဲ​ဘော်​တွေအ​နေနဲ့ကလည်း ၃ နှစ်တာခရီးကြမ်းမှာအသက်​တွေ ၊ဘဝ​တွေ ၊မိသားစု​တွေ အရာအားလုံးစွန့်ပြီး နိုင်ငံသစ်အတွက် ကြိုးစားနေချိန်မှာ လူငယ်တချို့ကကြ ​ရေ​​ပေါ်ဆီလုပ်ပြီး​ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စားတာဝန်မဲ့နေခဲ့ကြတဲအ​ပေါ် ခံစားချက်​​ကြောင့် ​ပြောဆိုမိတာမျိုးလို့ထင်ပါတယ်။ဒီဥပ​ဒေ​ကြောင့် ​ကြောက်ပြီး ဘာလုပ်ရမှန်းမသိချိန်မှာ အဲလို​ပြောဆိုမှု​တချို့က သူတို့ကိုပိုပြီးသိမ့်ငယ်​စေတယ် လို့ထင်ပါတယ် ။ အဲလိုစိုးရိမ်၊အားငယ်​ နေတဲ့ လူငယ်​တွေကိုလည်း ဘယ်လို​အကြံ​ပေးချင်ပါလဲ။

​ဖြေ။ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ တချို့လူငယ်တွေ လူမှုကွန်ရက်ပေါ်က ပြောဆိုရေးသားမှုတွေ၊ လှောင်ပြောင်မှုတွေကြောင့်မို့ ငါတို့ဒီတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲရင်ခွဲခြားဆက်ဆံခံရမှာလား၊ နှိမ့်ချဆက်ဆံခံရမှာလား စိုးရိမ်စိတ်မျိုးရှိနေတယ်လို့ သိရတယ်။ အကယ်၍ဒီစိုးရိမ်စိတ်မျိုးရှိနေတယ်ဆိုရင်တော့ လုံးဝမစိုးရိမ်ဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့သည်စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းဘူးဆိုတဲ့စိတ်ဓာတ်ရှိတဲ့ လူငယ်တွေကို ဘာမှခွဲခြားဆက်ဆံစရာအကြောင်းမရှိဘူး။ လေးစားမှုအပြည့်ရှိပြီးသား ဖြစ်ပါတယ်။ ဒါလေးကိုလူငယ်တွေကိုသိစေချင်ပါတယ်။ နောက်တစ်ခုက ရောက်နှင့်နေပြီးသား ရဲဘော်တွေကလည်း ခွဲခြားဆက်ဆံချင်တဲ့စိတ်လုံးဝမရှိဘူး။ တွေ့ရသလောက်ဆိုရင် အရင်တုန်းက အကြောင်းကြောင်းကြောင့် တော်လှန်ရေးတာဝန်တွေမထမ်းဆောင်နိုင်ခဲ့တဲ့လူငယ်တွေဟာ ဒီစစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့လိုက်လာတော့မယ်ဆိုတာသိတဲ့အတွက် သူတို့ရဲ့ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေကိုသူတို့က ပျော်ပျော်ကြီးကြိုနေတယ်၊ လာဖို့မျှော်နေတယ်လို့သိရတယ်။ ခွဲခြားဆက်ဆံဖို့၊ နှိမ်ချဖို့၊လှောင်ပြောင်ဖို့ လုံးဝမရှိပါဘူး။ ဒီစိုးရိမ်စိတ်မျိုးရှိတယ်ဆိုရင်လုံးဝမစိုးရိမ်ဖို့ပေါ့။ တော်လှန်ရေးအင်အားစုအားလုံးကိုယ်စား ပြောချင်ပါတယ်။ နီးစပ်ရာတော်လှန်ရေးအင်အားစုတွေနဲ့ ရဲရဲကြီးသာလက်တွဲကြပါ။ ကျွန်တော်တို့ MDY PDFကလည်း လက်တွဲလာမယ့်အယောက်စီတိုင်းကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။ ဒီလူငယ်တွေသာ ကျွန်တော်တို့နဲ့လက်တွဲလာမယ်ဆိုရင် စစ်ကောင်စီကိုအမြန်ဆုံး ဖြုတ်ချနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။