Connect with us

Hi, what are you looking for?

News

ရေဇွာမြို့မှ Non-CDM ဝန်ထမ်းများကို ဇိုတုန် -CDF သတိပေး

ဇိုတုန်နယ်၊ ရေဇွာမြို့ (ရေဇဝါမြို့) ပေါ်ရှိ Non-CDM ဝန်ထမ်းများ အမြန်ဆုံး ထွက်ခွာသွားရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းများဆက်လက်လုပ်ကိုင်နေပါက လက်ငင်းချက်ခြင်း တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဇိုတုန်း-CDF က မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ရေဇွာမြို့ပေါ်တွင် တည်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော Non – CDM သမားများနှင့် အလုပ်သမားများသည် စစ်ကောင်စီအဖွဲ့နှင့် အကျိုးတူ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် အသိပေးစာများကို လိုက်နာမှုမရှိပါက အသက်နှင့်ညီမျှသော တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဇိုတုန်-CDF က သတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။