Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဇွာမြို့မှ Non-CDM ဝန်ထမ်းများကို ဇိုတုန် -CDF သတိပေး

ဇိုတုန်နယ်၊ ရေဇွာမြို့ (ရေဇဝါမြို့) ပေါ်ရှိ Non-CDM ဝန်ထမ်းများ အမြန်ဆုံး ထွက်ခွာသွားရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းများဆက်လက်လုပ်ကိုင်နေပါက လက်ငင်းချက်ခြင်း တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဇိုတုန်း-CDF က မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ရေဇွာမြို့ပေါ်တွင် တည်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော Non – CDM သမားများနှင့် အလုပ်သမားများသည် စစ်ကောင်စီအဖွဲ့နှင့် အကျိုးတူ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် အသိပေးစာများကို လိုက်နာမှုမရှိပါက အသက်နှင့်ညီမျှသော တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဇိုတုန်-CDF က သတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။