Connect with us

Hi, what are you looking for?

LuduNwayOo

News

သာ​ကေတတွင် နှစ်ညဆက်ပေါက်ကွဲမှုဖြစ်

ဗုံး​ပေါက်ကွဲခြင်းဟု အသံကြားရသူများက ​ပြောဆို​နေကြပြီး ၊ သာ​ကေတ အမှတ်(၁) ရဲစခန်းအနီး ( သို့မဟုတ် ) မာန်​ပြေ အမှတ် (၃)အထက ​ကျောင်းအနီး ​ပေါက်ကွဲခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က ခန့်မှန်း​ပြောဆို​နေကြသည်။

ရန်ကုန်မြို့ ၊သာ​ကေတ မြို့နယ်တွင် ယ​နေ့ည ၉ နာရီ ၁၀ မီနစ် ဝန်းကျင်တွင် ​အသံကျယ်​လောင်​သောပေါက်ကွဲမှုဖြစ်ပွားပြီး အနီးဝန်းကျင်ရှိ မြို့နယ်များကပါ ကြားရ​ကြောင်း ​ဒေသခံများက​ ပြောသည်။

သာ​ကေတမြို့နယ်တွင် ဇွန် ၂၇ ရက်ညကလည်း ​ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ညဆက်​ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ယ​နေ့ညပေါက်ကွဲသံမှာပိုမိုကျယ်​လောင်​ကြောင်း​ဒေသခံများက​ပြောသည်။

သာ​ကေတ ၊​ ​ဒေါပုံ ၊စမ်ချောင်း ၊တာ​မွေ၊ ​တောင်ဒဂုံ ၊သံလျင်၊​တောင်ဥက္ကလာပ ၊​မြောက်ဥက္ကလာပ စ​သော မြို့နယ်များက​ပါ ​ပေါက်ကွဲသံကို ကြားရ​ကြောင်း ​ဒေသခံများက​ပြောသည်။

ဗုံး​ပေါက်ကွဲခြင်းဟု အသံကြားရသူများက ​ပြောဆို​နေကြပြီး ၊ သာ​ကေတ အမှတ်(၁) ရဲစခန်းအနီး ( သို့မဟုတ် ) မာန်​ပြေ အမှတ် (၃)အထက ​ကျောင်းအနီး ​ပေါက်ကွဲခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က ခန့်မှန်း​ပြောဆို​နေကြသည်။

သို့​သော်ပေါက်ကွဲမှု ဖြစ်ပွား​သော​နေရာ ၊​ပေါက်ကွဲမှု​ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ ၊မရှိ စ​သည့်အ​သေးစိတ်အချက်အလက် များကို People’s Spring က သီးခြားအတည်ပြုချက်မရရှိ​သေး​ပါ။ ဇွန် ၂၇ ရက် ညကလည်း သာ​ကေတမြို့နယ် ဇိနမာန်​အောင်​စေတီအနီး ​​ပေါက်ကွဲမှုဖြစ်ပွားခဲ့​သေးသည်။

You May Also Like

သတင်း

YUA အနေဖြင့် မြေပြင်၌ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိသည့် စစ်ဆင်ရေးများကို အကြောင်းပြ ၍ အလှူခံသည့် အဖွဲ့များကို ဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်။

နိုင်ငံတကာ

ဘိုင်ဒန်ကတော့ ယူကရိန်း နယ်စပ်နားက ပိုလန် ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး ပိုလန် အာဏာပိုင်တွေရဲ့ စုံစမ်းမေးမြန်းမှုတွေကို အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

သတင်း

မင်္ဂလာမူဆယ်အိမ်ယာနှင့် ဆင်ဖြူရှင်နယ်စပ်ဂိတ်ပေါက်နီးရှိ Top One Motel ရှေ့တွင် ယနေ့(နိုဝင်ဘာလ ၁၄ရက်) နေ့လည် ၁၂နာရီ​ကျော်တွင်ပေါက်ကွဲ​ခဲ့ခြင်းဖြစ်သည်။

သတင်း

အခင်းဖြစ်သည့်နေရာသည့် စစ်ကောင်စီဝင်များလာရောက်စစ်ဆေးခဲ့ပြီး ကျန်ခဲ့သည့် သေနတ်ကိုလည်း သိမ်းသွားကြောင်း အထက်ပါမန်နေဂျာကပြောသည်။