Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီက ​ကျောင်း​တွေ ပြန်ပိတ်

အာဏာသိမ်းစစ်​ကောင်စီက ကပ်​ရောဂါကူးစက်မှု​တွေရှိ​နေတဲ့ကြားမှာ ကာကွယ်​​ရေး​ကောင်း​ကောင်းမလုပ်နိုင်ပဲနဲ့ နိုင်ငံတစ်ဝန်းမှာ​ကျောင်း​တွေ ဖိအား​ပေးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက ဖိအား​ပေးဖွင့်ခိုင်းထားတဲ့​ကျောင်း​တွေကို ဒီက​နေ့ကစပြီး ဇူလိုင် ၂၃ ရက်အထိယာယီပိတ်လိုက်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာမျိုးရိုးဗီဇ ​ပြောင်းလဲလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုမြင့်မားလာတဲ့အတွက် ​အ​ခြေခံပညာကျောင်း​တွေ ၊ ပုဂ္ဂလိက​ကျောင်း​တွေနဲ့ ဘုန်း​တော်ကြီးသင်စာသင်​ကျောင်း​တွေကို ဇူလိုင် ၂၃ ရက်အထိယာယီပိတ်မယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက ကပ်​ရောဂါကူးစက်မှု​တွေရှိ​နေတဲ့ကြားမှာ ကာကွယ်​​ရေး​ကောင်း​ကောင်းမလုပ်နိုင်ပဲနဲ့ နိုင်ငံတစ်ဝန်းမှာ​ကျောင်း​တွေ ဖိအား​ပေးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒါ​ပေမယ့် ပြည်သူအများစုက​တော့ ​မိမိတို့ရဲ့သားသမီး​တွေကို ​ကျောင်းကိုမလွှတ်ခဲ့ပါဘူး။

ကျောင်းစဖွင့်ပြီးရက်ပိုင်း အတွင်းမှာပဲ ရန်ကုန်မြို့ လှည်းကူးမြို့က မဘသ ​ကျောင်းဖြစ်တဲ့မ​ဟော်သဓါ ကိုယ်ပိုင်အထက်တန်း​ကျောင်းမှာ ​ကျောင်းသား၊​ကျောင်းသူ ဆရာ၊ဆရာမရာနဲ့ချီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ​ပေမယ့် စစ်​ကောင်စီက ​ကျောင်း​တွေဆက်ဖွင့်ခဲ့တာဖြစ်ပါတယ် ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများအား အဆိုပါတပ်က ကျောင်းသင်္ကန်းစနှင့် ထမ်းစင်ပြုလုပ် သယ်ဆောင်ကာ ဆုတ်ခွာသွားခဲ့ကြောင်း MUA ကပြောသည်။

သတင်း

စစ်ရေးအခြေအနေမှာဆက်လက်တင်းမာနေသဖြင့် မိုးဗြဲ မြို့တွင်းအသွားအလာလုံးဝ မပြုလုပ်ရန်လည်း မိုးဗြဲPDF က တိုက်တွန်းသည်။

သတင်း

သြဂုတ်လ ၂၇ရက်ညနေကနောက်ဆုံးသိရသည့်အခြေအနေအရ မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲတွင် နှိပ်စက်မေးမြန်းနေဆဲဟု ဟာကလေးကဆက်လက်​ရေးသားထားသည်။

သတင်း

အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့‌ပြီး‌နောက် ယမန်နေ့(သြဂုတ်လ၁၀ရက်) နံနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။