မန္တလေးမြို့တွင် ယနေ့ညနေပိုင်းက လူငယ်များဦးဆောင်သည့် အောင်ပင်လယ်ပင်မသပိတ်သည် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါမြို့တွင် ယနေ့ညနေပိုင်းက သံဃာတော်များ၏ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ရက်ပေါင်း ၁၅၆ရက်မြောက် ဆက် လက်ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၆၄ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာ ဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၆၁ရက်ရှိပြီဖြစ်သည်။
