Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းစိန်ထောင်၌ ကိုဗစ်ကူးစက်ခံရသည့် ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်း ကွယ်လွန်

ဦးဉာဏ်ဝင်းအပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဟံသာမြင့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည်လည်း ကိုဗစ်​ရောဂါကူးစက်ခံထားရသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရစဥ် ကိုဗစ်​​ရောဂါကူးစက်ကူးစက်ခံရ​သော ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ဒီချုပ်ပါတီဝင်များက အတည်ပြုသည်။

ကွယ်လွန်ချိန်တွင် အသက် (၇၉) နှစ်ရှိပြီဖြစ်ပြီး ဆီးချိုနှင့် သွေးဝမ်းသွားရောဂါ အခံရှိသည့် ဦးဉာဏ်ဝင်းမှာ ကိုဗစ်​ရောဂါကူးစက်ခံရသည့်အတွက် ဇူလိုင် ၁၁ ရက်တွင် အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းသေဆုံးခဲ့သည့် ဖြစ်ရပ်သည် မတရားချုပ်နှောင်ထားခံထားရသည့် အကျဉ်းသားများအတွက် များစွာ စိုးရိမ်စရာဖြစ်နေသည်ကို ပြသခြင်းဖြစ်ကြောင်း ဒီချုပ်ပါတီ အမတ်တစ်ဦးက ပြောသည်။

“အခုလက်ရှိ မြင်တွေ့ရတဲ့အတိုင်းပဲလေ တစ်ယောက်ဆုံးသွားပြီ။ ပါတီရဲ့ ခေါင်းဆောင် CEC အဖွဲ့ဝင်တစ်ယောက် ဆုံးပါးသွားတာ။ ဒါတွေက အချုပ်အနှောင်ခံထားရလို့ ဖမ်းဆီးထိမ်းသိမ်းထားလို့ မဖြစ်သင့်ဘဲ ဖြစ်သွားတာ။ ကိုယ့်အိမ်မှာ ကိုယ်နေမယ်ဆိုရင် ဒီဥစ္စာ ကြိုတင်ကာကွယ်တာတို့ ကုသာတာတို့ ဆောင်ရွက်နိုင်မှာ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဦးဉာဏ်ဝင်းအပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဟံသာမြင့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည်လည်း ကိုဗစ်​ရောဂါကူးစက်ခံထားရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ဒီချုပ် ပါတီခေါင်းဆောင်များနှင့်ပါတီဝင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုမှုများ ပြုလုပ်ရာ ဦးဉာဏ်ဝင်းကိုလည်း ပုဒ်မ ၅၀၅(ခ)ဖြင့် အာဏာသိမ်းစစ်တပ်က တရားစွဲဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။