Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်၌ ကိုဗစ်ကူးစက်ခံရသည့် ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်း ကွယ်လွန်

ဦးဉာဏ်ဝင်းအပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဟံသာမြင့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည်လည်း ကိုဗစ်​ရောဂါကူးစက်ခံထားရသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရစဥ် ကိုဗစ်​​ရောဂါကူးစက်ကူးစက်ခံရ​သော ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ဒီချုပ်ပါတီဝင်များက အတည်ပြုသည်။

ကွယ်လွန်ချိန်တွင် အသက် (၇၉) နှစ်ရှိပြီဖြစ်ပြီး ဆီးချိုနှင့် သွေးဝမ်းသွားရောဂါ အခံရှိသည့် ဦးဉာဏ်ဝင်းမှာ ကိုဗစ်​ရောဂါကူးစက်ခံရသည့်အတွက် ဇူလိုင် ၁၁ ရက်တွင် အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းသေဆုံးခဲ့သည့် ဖြစ်ရပ်သည် မတရားချုပ်နှောင်ထားခံထားရသည့် အကျဉ်းသားများအတွက် များစွာ စိုးရိမ်စရာဖြစ်နေသည်ကို ပြသခြင်းဖြစ်ကြောင်း ဒီချုပ်ပါတီ အမတ်တစ်ဦးက ပြောသည်။

“အခုလက်ရှိ မြင်တွေ့ရတဲ့အတိုင်းပဲလေ တစ်ယောက်ဆုံးသွားပြီ။ ပါတီရဲ့ ခေါင်းဆောင် CEC အဖွဲ့ဝင်တစ်ယောက် ဆုံးပါးသွားတာ။ ဒါတွေက အချုပ်အနှောင်ခံထားရလို့ ဖမ်းဆီးထိမ်းသိမ်းထားလို့ မဖြစ်သင့်ဘဲ ဖြစ်သွားတာ။ ကိုယ့်အိမ်မှာ ကိုယ်နေမယ်ဆိုရင် ဒီဥစ္စာ ကြိုတင်ကာကွယ်တာတို့ ကုသာတာတို့ ဆောင်ရွက်နိုင်မှာ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဦးဉာဏ်ဝင်းအပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဟံသာမြင့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည်လည်း ကိုဗစ်​ရောဂါကူးစက်ခံထားရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ဒီချုပ် ပါတီခေါင်းဆောင်များနှင့်ပါတီဝင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုမှုများ ပြုလုပ်ရာ ဦးဉာဏ်ဝင်းကိုလည်း ပုဒ်မ ၅၀၅(ခ)ဖြင့် အာဏာသိမ်းစစ်တပ်က တရားစွဲဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းဆီးခံထားရဆဲနိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။