Connect with us

Hi, what are you looking for?

News

သံလွင်မြစ်​ရေ စိုးရိမ်​ရေမှတ်အထက်ဆက်တက်ဖို့ရှိ​နေ

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အောက်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မွန် ကရင် ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

သံလွင်မြစ်ရေဟာ နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်လို့ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုသင့်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက် ၈ နာရီခွဲတိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

သံလွင်မြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိမှာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၇၀၆ စင်တီမီတာအထိ ရောက်ရှိလာခဲ့တာပါ။

သံလွင်မြစ်ရေဟာ ဆက်တက်ဖို့ရှိနေပြီး ဘားအံမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ သတိထားသင့်တယ်လို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

“ သံလွင်မြစ်ရေကတော့ ဖြည်းဖြည်းပဲ တက်ပါမယ်။ အနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးမှာ နေထိုင်သူတွေအနေနဲ့ သတိထားသင့်ပါတယ်။ အဓိကတော့ မိုးများလို့ပေ့ါနော်” လို့ ပြည်နယ် မိုးဇလတာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ကရင်ပြည်နယ်မှာတော့ လှိုင်းဘွဲမြစ်၊ ဟောင်သရောမြစ်နဲ့ ဇမိမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနေပြီး လှိုင်းဘွဲ မြ၀တီ ကြာအင်းဆိပ်ကြီးမြို့တွေမှာ ရေဘေးဆိုးရွားစွာကြုံနေရပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အောက်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မွန် ကရင် ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘားအံမြို့မှာ ဒီကနေ့ညနေပိုင်းကအသိစိတ်ကင်းမဲ့နေတဲ့ လူငယ်တစ်ဦးဟာ ပေ ၃၀ ​ကျော်မြင့်တဲ့ ကြော်ငြာဆိုင်းဘုတ်ပေါ်တက်နေလို့ဒေသခံတွေနဲ့လူမှုကူညီအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ခဲ့ကြရပါတယ်။

သတင်း

ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

သတင်း

သံလွင်မြစ် ဘေး မှာ တည်ရှိပြီး စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီ စခန်းကို မတ်လ ၂၈ ရက် မနက်ပိုင်း ၅ နာရီဝန်းကျင် ကစတင်ပြီးတိုက်ခိုက်ရာ ၄၅ မိနစ်ကြာပြီးနောက် စခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

သတင်း

စစ်တပ်စခန်းအတွင်းခလရ(၁၃၅)ရုပ်အလောင်း၃လောင်းတွေ့ရှိပြီး လက်နက်မျိုးစုံ (၆)လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်း ဆည်းရမိခဲ့ပြီး ကျန်စခန်းထိုင် တပ်သားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ဖော်ပြထားသည်။