Connect with us

Hi, what are you looking for?

News

ကျဆုံးသူရဲ​ကောင်းကိုဂုဏ်ပြုကာ”တစ်ပွင့်​ကြွေရင်တစ်​တောလုံး​ဝေမယ်” ဆိုတဲ့ မြိုင် ဆန္ဒပြပွဲ

စစ်​ကောင်စီတပ်ဖွဲ့ဝင်မျာကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသူသည် မြိုင်မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာတွင် မြိုင်မြို့နယ်သပိတ်ခေါင်းဆောင်တယောက်အဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အရှေ့ပိုင်းဇုန်ရှိ ပြည်သူလူထုပူးပေါင်းကာ ယနေ့ သြဂုတ်လ၂ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

“တစ်ပွင့်ကြွေရင် တစ်တောလုံးဝေမယ် ၊ လူသတ်အကြမ်းဖတ်စစ်တပ် အမြစ်ဖြတ်” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သြဂုတ်လ ၁ရက်နေ့က ဗဟင်းကျေးရွာတွင်မြိုင်-PDF နဲ့ စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး PDF ခေါင်းဆောင် တစ်ဦး ကျဆုံးခဲ့သည်။ ပစ်ခတ်မှုများဖြစ်ပွားပြီး ကားနှင့်အတိုက်ခံရ​သော်လည်း ကျန်အဖွဲ့သားများလွတ်​မြောက်​စေရန် ခုခံတိုက်ခိုက်​ခဲ့သဖြင့် စစ်​ကောင်စီဘက်မှ ရဲအရာရှိတစ်ဦးလည်း​သေဆုံးခဲ့သည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်မျာကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသူသည် မြိုင်မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာတွင် မြိုင်မြို့နယ်သပိတ်ခေါင်းဆောင်တယောက်အဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။