Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျဆုံးသူရဲ​ကောင်းကိုဂုဏ်ပြုကာ”တစ်ပွင့်​ကြွေရင်တစ်​တောလုံး​ဝေမယ်” ဆိုတဲ့ မြိုင် ဆန္ဒပြပွဲ

စစ်​ကောင်စီတပ်ဖွဲ့ဝင်မျာကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသူသည် မြိုင်မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာတွင် မြိုင်မြို့နယ်သပိတ်ခေါင်းဆောင်တယောက်အဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အရှေ့ပိုင်းဇုန်ရှိ ပြည်သူလူထုပူးပေါင်းကာ ယနေ့ သြဂုတ်လ၂ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

“တစ်ပွင့်ကြွေရင် တစ်တောလုံးဝေမယ် ၊ လူသတ်အကြမ်းဖတ်စစ်တပ် အမြစ်ဖြတ်” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သြဂုတ်လ ၁ရက်နေ့က ဗဟင်းကျေးရွာတွင်မြိုင်-PDF နဲ့ စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး PDF ခေါင်းဆောင် တစ်ဦး ကျဆုံးခဲ့သည်။ ပစ်ခတ်မှုများဖြစ်ပွားပြီး ကားနှင့်အတိုက်ခံရ​သော်လည်း ကျန်အဖွဲ့သားများလွတ်​မြောက်​စေရန် ခုခံတိုက်ခိုက်​ခဲ့သဖြင့် စစ်​ကောင်စီဘက်မှ ရဲအရာရှိတစ်ဦးလည်း​သေဆုံးခဲ့သည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်မျာကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသူသည် မြိုင်မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာတွင် မြိုင်မြို့နယ်သပိတ်ခေါင်းဆောင်တယောက်အဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ မျက်မြင်လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က အသိပေးသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

သတင်း

အောက်တိုဘာ ၃၀ရက်ကစ၍ ပေါက်မြို့နယ် ကန်သစ်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းပွိုင့် ၄ပွိုင့် မိုင်း၂၁ခုခန့်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။