Connect with us

Hi, what are you looking for?

News

မန္တ​လေးမြို့တွင် စစ်​ကောင်စီတပ်က ပိတ်ဆို့စစ်​ဆေးမှုပိုလုပ်​နေ

အမရပူရမြို့နယ်တွင်လည်း မန္တလေးဘက်အထွက် လမ်းများကို ပိတ်ဆို့ထားပြီး စစ်ကိုင်းတံတား ရတနာပုံတံတားအဆင်းတွင်လည်း လက်နက်ကိုင်များက ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့တွင် ယနေ့ (သြဂုတ် ၃ ရက်)နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်များသည် နေရာစုံပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

နံနက် ၈ နာရီခန့်ကစတင်ကာ မန္တလေးမြို့နယ် အတွင်းရှိ ၈၉လမ်း၊ ၈၁လမ်း၊ ၈၆လမ်း၊ ၂၆လမ်း၊ ၃၅လမ်း၊ ၆၂ လမ်း၊ ၇၂လမ်း၊ ၇၆လမ်း၊ ၄၁လမ်း အစရှိသည့် မြို့တွင်းလမ်းဆုံများတွင်လည်းကောင်း၊ မြို့သစ်ဘက်ခြမ်း မြရည်နန္ဒာအိမ်ရာ၊ မြဝတီမင်းကြီးလမ်း အစရှိသည့်နေရာများတွင်လည်းကောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မန္တလေးမြို့ခံများက ​ပြောသည်။

ထို့အပြင် အမရပူရမြို့နယ်တွင်လည်း မန္တလေးဘက်အထွက် လမ်းများကို ပိတ်ဆို့ထားပြီး စစ်ကိုင်းတံတား ရတနာပုံတံတားအဆင်းတွင်လည်း လက်နက်ကိုင်များက ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

နယ်ကျော်ကတ်၊ အပြင်ထွက်စျေးဝယ်ခွင့်ကတ်များ စစ်ဆေးနေသည်ဟုလည်း ပြောဆိုကြပြီး ရိုက်နှက်စစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Trending

Facebook