Connect with us

Hi, what are you looking for?

News

မန္တ​လေးမြို့တွင် စစ်​ကောင်စီတပ်က ပိတ်ဆို့စစ်​ဆေးမှုပိုလုပ်​နေ

အမရပူရမြို့နယ်တွင်လည်း မန္တလေးဘက်အထွက် လမ်းများကို ပိတ်ဆို့ထားပြီး စစ်ကိုင်းတံတား ရတနာပုံတံတားအဆင်းတွင်လည်း လက်နက်ကိုင်များက ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့တွင် ယနေ့ (သြဂုတ် ၃ ရက်)နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်များသည် နေရာစုံပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

နံနက် ၈ နာရီခန့်ကစတင်ကာ မန္တလေးမြို့နယ် အတွင်းရှိ ၈၉လမ်း၊ ၈၁လမ်း၊ ၈၆လမ်း၊ ၂၆လမ်း၊ ၃၅လမ်း၊ ၆၂ လမ်း၊ ၇၂လမ်း၊ ၇၆လမ်း၊ ၄၁လမ်း အစရှိသည့် မြို့တွင်းလမ်းဆုံများတွင်လည်းကောင်း၊ မြို့သစ်ဘက်ခြမ်း မြရည်နန္ဒာအိမ်ရာ၊ မြဝတီမင်းကြီးလမ်း အစရှိသည့်နေရာများတွင်လည်းကောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မန္တလေးမြို့ခံများက ​ပြောသည်။

ထို့အပြင် အမရပူရမြို့နယ်တွင်လည်း မန္တလေးဘက်အထွက် လမ်းများကို ပိတ်ဆို့ထားပြီး စစ်ကိုင်းတံတား ရတနာပုံတံတားအဆင်းတွင်လည်း လက်နက်ကိုင်များက ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

နယ်ကျော်ကတ်၊ အပြင်ထွက်စျေးဝယ်ခွင့်ကတ်များ စစ်ဆေးနေသည်ဟုလည်း ပြောဆိုကြပြီး ရိုက်နှက်စစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook