Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသူများကိုပြင်းထန်စွာတိုက်ခိုက်မည်ဟု ဇိုဖေ CDF ထုတ်ပြန်

အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်သွားမည်ဟုဆိုသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်အခြေစိုက် ဇိုဖေဒေသ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များအား ချေမှုန်းတိုက်ခိုက်ရန်သာမက အကြမ်းဖက်စစ်ကောင်စီ၏ ရုပ်သေးအိမ်စောင့်အစိုးရနာမည်ခံ ပုဂ္ဂိုလ်များ၊ ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်သူများ၊ သတင်းပေးဒလန်များကို ပြင်းထန်စွာ တိုက်ထုတ်ရမည်ဟု သဘောထားထုတ်ပြန်သည်။

ဇိုဖေ CDFသည် ဧပြီ ၁၆ရက်တွင် စတင်လှုပ်ရှာဖွဲ့စည်းခဲ့ပြီး အခြား CDF တပ်ဖွဲ့များနှင့်အတူ အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်သွားမည်ဟုဆိုသည်။

ဇိုဖေ CDFသည် နိုင်ငံရေးအရ ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှုကို ခံယူ၍ CNA ၊ CDF ၊ သက်ဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ၊ တိုင်းရင်းသားညီနောင်များနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook