Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသူများကိုပြင်းထန်စွာတိုက်ခိုက်မည်ဟု ဇိုဖေ CDF ထုတ်ပြန်

အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်သွားမည်ဟုဆိုသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်အခြေစိုက် ဇိုဖေဒေသ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များအား ချေမှုန်းတိုက်ခိုက်ရန်သာမက အကြမ်းဖက်စစ်ကောင်စီ၏ ရုပ်သေးအိမ်စောင့်အစိုးရနာမည်ခံ ပုဂ္ဂိုလ်များ၊ ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်သူများ၊ သတင်းပေးဒလန်များကို ပြင်းထန်စွာ တိုက်ထုတ်ရမည်ဟု သဘောထားထုတ်ပြန်သည်။

ဇိုဖေ CDFသည် ဧပြီ ၁၆ရက်တွင် စတင်လှုပ်ရှာဖွဲ့စည်းခဲ့ပြီး အခြား CDF တပ်ဖွဲ့များနှင့်အတူ အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်သွားမည်ဟုဆိုသည်။

ဇိုဖေ CDFသည် နိုင်ငံရေးအရ ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှုကို ခံယူ၍ CNA ၊ CDF ၊ သက်ဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ၊ တိုင်းရင်းသားညီနောင်များနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။