Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအား သတင်းမပေးရန်အပါအဝင် မတူပီမြို့နယ်ရှိ ပြည်သူများလိုက်နာရန် တိုက်တွန်းချက် CDFထုတ်ပြန်

ကြေညာချက်များကိုသာ ကိုးကားရေးသားကြရန် နှင့် ကျဆုံး တပ်ဖွဲ့ဝင်များ ၏ ပုံများကို နာမည်နှင့်တကွ အွန်လိုင်းစာမျက်နှာတွင် ရေးတင်ခြင်းမပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား သတင်းပေးခြင်း မပြုလုပ်ရန် အပါအဝင် မတူပီမြို့နယ်အတွင်းရှိ ပြည်သူများ လိုက်နာရန်တိုက်တန်းချက်များကို မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့များအား ဧည့်ခံကျွေးမွေးခြင်း၊ ထောက်ပံ့ပူးပေါင်းခြင်း မပြုလုပ်ရန် ၊ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် စစ်မျက်နှာနယ်မြေ ဖြစ်သော မင်းတပ်-မတူပီ လမ်းမ တောင်ကြော တစ်ခုလုံးသို့ ဟင်းသီး ဟင်းရွက်ရှာဖွေခြင်း ၊ အမဲလိုက်ခြင်းများ လုံး၀မပြုလုပ်ရန် အချက်များ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မတူပီ မြို့နယ်အတွင်း လာရောက်အလုပ်လုပ် ကိုင်သူများ ၊ စီးပွားရှာသူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပတ်သက်မှု တွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်းပါရှိသည်။

မတူပီ CDF၏ တိုက်ပွဲသတင်း၊ ကျဆုံးသတင်းများနှင့်ပတ်သက်ပြီး ၎င်းတို့၏ တရားဝင်ကြေညာချက်များကိုသာ ကိုးကားရေးသားကြရန် နှင့် ကျဆုံး တပ်ဖွဲ့ဝင်များ ၏ ပုံများကို နာမည်နှင့်တကွ အွန်လိုင်းစာမျက်နှာတွင် ရေးတင်ခြင်းမပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

သတိပေး္ချက်များ လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသော ပြဿနာများကို လုံး၀ တာဝန်ယူမည်မဟုတ်ဟုလည်း မတူပီ CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook