မြင်းခြံခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြင်းခြံနည်းပညာကောလိပ် ကျောင်း သားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်) တို့ဦးဆောင်၍ စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်အဖြစ် ယနေ့နံနက်ချီတက်ဆန္ဒပြခဲ့သည်။
“မြင်းခြံခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်) နှင့် အဖိနှိပ်ခံ ပြည်သူ လူထုသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အဝေးပြေးကားဂိတ် အတွင်းရှိ လမ်းမများပေါ် တွင် ”မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက် ရေး ဒို့အတူရုန်း” နှာဖူးစည်းစာတန်းဖြင့် လမ်းလျှောက်ချီတက် သပိတ်မှောက်ခဲ့ကြသည်’ဟု မြင်းခြံခရိုင်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
