Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်တွင် စစ်​​ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်၍ တစ်လအတွင်းပြည်သူ ၅၀ ​သေဆုံး

“ လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ စာရင်းမှာတင် တစ်လအတွင်း ကနီမြို့နယ်တွင်း ပြည်သူလူထုသေဆုံးခဲ့တာ အယောက်၅၀ ရှိပါတယ်။ ဒီထက်လည်း ပိုပြီး ရှိနိုင်ပါသေးတယ်။ တော်ကြာမေ့သွားပြီး အများကြီး မသေဘူး ထင်နေမှာစိုးလို့ စာရင်းပြုစုပြတာပါ။”

(တောင်ပေါက် (အရှေ့ရွာ) အနီး တွေ့ရှိရသည့် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းတချို့အား ဇူလိုင် ၃၀ က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုနှင့်တိုက်ပွဲများ​ကြောင့် တစ်လအတွင်း ပြည်သူ ၅၀ဦးသေဆုံးခဲ့ကြောင်း ကနီမြို့နယ် ကနီမြို့နယ် နွေဦးတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန် သည်။

ဇူလိုင် ၁ ရက်မှ သြဂုတ် ၁ ရက်အထိ တစ်လတာအတွင်း သေဆုံးခဲ့ကြခြင်းဖြစ်ပြီး ကနဲ-ဘုတလင်လမ်းတွင် မိုင်းကွဲသေဆုံး ပြည်သူ သုံးဦး၊ ယင်း-ကုန်းသာဖြစ်စဉ်ပြည်သူ ၁၆ ဦး၊ ယင်း-ကုန်းသာ စစ်ဘေးရှောင်ရင်း အမောဖောက်သေဆုံးသူ တစ်ဦး၊ ဇီးပင်တွင်းဖြစ်စဉ် ပြည်သူ ၁၂ဦး၊အောင်မင်္ဂလာ အနီးပစ်သတ်ခံရသူ ပြည်သူတစ်ဦး၊ တောင်ပေါက်အရှေ့ရွာအနီး ဖြစ်စဉ် ပြည်သူ ၁၂ ဦး၊ ကနီမြို့ အ.ထ.က ကျောင်းအနီးပစ်သတ်ခံရသူ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း စာရင်းမှတ်တမ်းတွင် ဖော်ပြသည်။

ထိုအပြင် ကနဲ-ဘုတလင်လမ်းတိုက်ပွဲတွင် PDF ​လေးဦးလည်းကျဆုံးခဲ့သည်။

“ လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ စာရင်းမှာတင် တစ်လအတွင်း ကနီမြို့နယ်တွင်း ပြည်သူလူထုသေဆုံးခဲ့တာ အယောက်၅၀ ရှိပါတယ်။ ဒီထက်လည်း ပိုပြီး ရှိနိုင်ပါသေးတယ်။ တော်ကြာမေ့သွားပြီး အများကြီး မသေဘူး ထင်နေမှာစိုးလို့ စာရင်းပြုစုပြတာပါ။” ဟု စာရင်းပြုစုသူ ကနီနယ်သားတစ်ဦးက ရေးသားထား သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများထဲတွင် အသက်နှစ်နှစ်အရွယ်တစ်ဦးလည်းပါဝင်ပြီး အသက်ကြီးဆုံး ၇၀ ကျော် တစ်ဦးလည်းပါဝင်ကြောင်း၊ ဖမ်းဆီးခံရသူ ၁၉ ဦးရှိပြီး အမျိုးသမီး နှစ်ဦးလည်း ပါဝင်ကြောင်း၊ ပျောက်ဆုံးနေသူရှစ်ဦးရှိကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။