Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်တွင် စစ်​​ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်၍ တစ်လအတွင်းပြည်သူ ၅၀ ​သေဆုံး

“လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ စာရင်းမှာတင် တစ်လအတွင်း ကနီမြို့နယ်တွင်း ပြည်သူလူထုသေဆုံးခဲ့တာ အယောက်၅၀ ရှိပါတယ်။ ဒီထက်လည်း ပိုပြီး ရှိနိုင်ပါသေးတယ်။ တော်ကြာမေ့သွားပြီး အများကြီး မသေဘူး ထင်နေမှာစိုးလို့ စာရင်းပြုစုပြတာပါ။”

(တောင်ပေါက် (အရှေ့ရွာ) အနီး တွေ့ရှိရသည့် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းတချို့အား ဇူလိုင် ၃၀ က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုနှင့်တိုက်ပွဲများ​ကြောင့် တစ်လအတွင်း ပြည်သူ ၅၀ဦးသေဆုံးခဲ့ကြောင်း ကနီမြို့နယ် ကနီမြို့နယ် နွေဦးတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန် သည်။

ဇူလိုင် ၁ ရက်မှ သြဂုတ် ၁ ရက်အထိ တစ်လတာအတွင်း သေဆုံးခဲ့ကြခြင်းဖြစ်ပြီး ကနဲ-ဘုတလင်လမ်းတွင် မိုင်းကွဲသေဆုံး ပြည်သူ သုံးဦး၊ ယင်း-ကုန်းသာဖြစ်စဉ်ပြည်သူ ၁၆ ဦး၊ ယင်း-ကုန်းသာ စစ်ဘေးရှောင်ရင်း အမောဖောက်သေဆုံးသူ တစ်ဦး၊ ဇီးပင်တွင်းဖြစ်စဉ် ပြည်သူ ၁၂ဦး၊အောင်မင်္ဂလာ အနီးပစ်သတ်ခံရသူ ပြည်သူတစ်ဦး၊ တောင်ပေါက်အရှေ့ရွာအနီး ဖြစ်စဉ် ပြည်သူ ၁၂ ဦး၊ ကနီမြို့ အ.ထ.က ကျောင်းအနီးပစ်သတ်ခံရသူ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း စာရင်းမှတ်တမ်းတွင် ဖော်ပြသည်။

ထိုအပြင် ကနဲ-ဘုတလင်လမ်းတိုက်ပွဲတွင် PDF ​လေးဦးလည်းကျဆုံးခဲ့သည်။

“လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ စာရင်းမှာတင် တစ်လအတွင်း ကနီမြို့နယ်တွင်း ပြည်သူလူထုသေဆုံးခဲ့တာ အယောက်၅၀ ရှိပါတယ်။ ဒီထက်လည်း ပိုပြီး ရှိနိုင်ပါသေးတယ်။ တော်ကြာမေ့သွားပြီး အများကြီး မသေဘူး ထင်နေမှာစိုးလို့ စာရင်းပြုစုပြတာပါ။” ဟု စာရင်းပြုစုသူ ကနီနယ်သားတစ်ဦးက ရေးသားထား သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများထဲတွင် အသက်နှစ်နှစ်အရွယ်တစ်ဦးလည်းပါဝင်ပြီး အသက်ကြီးဆုံး ၇၀ ကျော် တစ်ဦးလည်းပါဝင်ကြောင်း၊ ဖမ်းဆီးခံရသူ ၁၉ ဦးရှိပြီး အမျိုးသမီး နှစ်ဦးလည်း ပါဝင်ကြောင်း၊ ပျောက်ဆုံးနေသူရှစ်ဦးရှိကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။