Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU အုပ်ချုပ်ရေးအဖွဲ့တစ်ခုနေထိုင်ရာကို စစ်ကောင်စီတပ်ဝင်ရောက်သိမ်းပိုက်

ဩဂုတ် ၁၁ရက်က ဖြစ်ပွားခဲ့သည့် ဝင်ရောက်စီးနင်းမှုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘဲ ၊ သေနတ် အချို့ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း၎င်းက ဆိုသည်။

People's Spring
People's Spring

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးအဖွဲ့တစ်ခု၏ နေရာ တစ်နေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အဖွဲ့ဝင်အချို့ကို ဖမ်းဆီးသွားကြောင်း KNU/KNLA တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ် ၁၁ရက်က ဖြစ်ပွားခဲ့သည့် ဝင်ရောက်စီးနင်းမှုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘဲ ၊ သေနတ် အချို့ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း၎င်းက ဆိုသည်။

“အဲဒီမှာကျတော့ KNLA တပ်စခန်းမဟုတ်ဘူး။အုပ်ချုပ်ရေးအဖွဲ့က စည်းရုံးရေးအနေနဲ့ ထားရှိတာ ဖြစ်တယ်။ အရင်ကတော့ အစိုးရအဖွဲ့နဲ့ တပ်မတော်နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးတော့နေခဲ့တယ်။အခုကတော့ ဘယ်လိုဖြစ်သွားလဲ အကြောင်းအရာတော့ မသိရဘူး။ သိရတာကတော့ PDF အဖွဲ့တွေ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီးတော့ ကျွန်တော်တို့ အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တယ်လို့သိ့ရတယ်။ အဲဒီလို အခြေအနေကြောင့်ဝင်ရောက်ပြီး ဖမ်းဆီးခြင်းဖြစ်တယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဇူလိုင်လကုန်ပိုင်းက သထုံမြို့နယ်အတွင်းသွယ်တန်းထားသည့်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံခဲ့ရသည်။အဆိုပါ ဖောက်ခွဲမှုတွင် KNU တပ်မဟာ(၁)မှ လုပ်ဆောင်ခြင်းလုံး၀မရှိဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။