Connect with us

Hi, what are you looking for?

News

KNU အုပ်ချုပ်ရေးအဖွဲ့တစ်ခုနေထိုင်ရာကို စစ်ကောင်စီတပ်ဝင်ရောက်သိမ်းပိုက်

ဩဂုတ် ၁၁ရက်က ဖြစ်ပွားခဲ့သည့် ဝင်ရောက်စီးနင်းမှုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘဲ ၊ သေနတ် အချို့ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း၎င်းက ဆိုသည်။

People's Spring
People's Spring

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးအဖွဲ့တစ်ခု၏ နေရာ တစ်နေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အဖွဲ့ဝင်အချို့ကို ဖမ်းဆီးသွားကြောင်း KNU/KNLA တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ် ၁၁ရက်က ဖြစ်ပွားခဲ့သည့် ဝင်ရောက်စီးနင်းမှုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘဲ ၊ သေနတ် အချို့ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း၎င်းက ဆိုသည်။

“အဲဒီမှာကျတော့ KNLA တပ်စခန်းမဟုတ်ဘူး။အုပ်ချုပ်ရေးအဖွဲ့က စည်းရုံးရေးအနေနဲ့ ထားရှိတာ ဖြစ်တယ်။ အရင်ကတော့ အစိုးရအဖွဲ့နဲ့ တပ်မတော်နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးတော့နေခဲ့တယ်။အခုကတော့ ဘယ်လိုဖြစ်သွားလဲ အကြောင်းအရာတော့ မသိရဘူး။ သိရတာကတော့ PDF အဖွဲ့တွေ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီးတော့ ကျွန်တော်တို့ အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တယ်လို့သိ့ရတယ်။ အဲဒီလို အခြေအနေကြောင့်ဝင်ရောက်ပြီး ဖမ်းဆီးခြင်းဖြစ်တယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဇူလိုင်လကုန်ပိုင်းက သထုံမြို့နယ်အတွင်းသွယ်တန်းထားသည့်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံခဲ့ရသည်။အဆိုပါ ဖောက်ခွဲမှုတွင် KNU တပ်မဟာ(၁)မှ လုပ်ဆောင်ခြင်းလုံး၀မရှိဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။