Connect with us

Hi, what are you looking for?

LuduNwayOo

News

အမျိုးသမီးတွေအပေါ် အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားတဲ့ပြစ်မှုတွေကို ထိရောက်စွာအရေးယူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ကုလသမဂ္ဂကို မြန်မာသံအမတ်ကြီး တောင်းဆို

မနေ့ကကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေးကို မြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်းတက်ရောက်ကာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်နေသော ဆိုးရွားတဲ့ပြစ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ကုလသမဂ္ဂက ထိရောက်စွာအရေးယူပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေးကို မြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်းတက်ရောက်ကာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂမှတ်တမ်းတွေအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ စစ်တပ်ရဲ့ ဝိသေသလက္ခဏာဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီးတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံအန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ မြန်မာသံအမတ် ကြီးက ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု အားလုံး ရပ်တန့်ရေးဟာ အခြေခံလူ့အခွင့်အရေးကိစ္စရပ်သာမဟုတ်ဘဲ နိုင်ငံအား လုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ် တည်ဆောက်ရေးအတွက်အရေးကြီးတဲ့ ကိစ္စဖြစ် ကြောင်း ထည့်သွင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံ ခြင်းနဲ့ အကြမ်းဖက်မှုတွေအတွက် နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ကုလသမဂ္ဂရဲ့ ကာကွယ်တားဆီးရေး အစီအစဉ်တွေကိုလည်း မြန်မာသံအမတ်ကြီးက မေးမြန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။