Connect with us

Hi, what are you looking for?

News

အမျိုးသမီးတွေအပေါ် အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားတဲ့ပြစ်မှုတွေကို ထိရောက်စွာအရေးယူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ကုလသမဂ္ဂကို မြန်မာသံအမတ်ကြီး တောင်းဆို

မနေ့ကကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေးကို မြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်းတက်ရောက်ကာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်နေသော ဆိုးရွားတဲ့ပြစ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ကုလသမဂ္ဂက ထိရောက်စွာအရေးယူပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေးကို မြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်းတက်ရောက်ကာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂမှတ်တမ်းတွေအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ စစ်တပ်ရဲ့ ဝိသေသလက္ခဏာဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီးတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံအန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ မြန်မာသံအမတ် ကြီးက ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု အားလုံး ရပ်တန့်ရေးဟာ အခြေခံလူ့အခွင့်အရေးကိစ္စရပ်သာမဟုတ်ဘဲ နိုင်ငံအား လုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ် တည်ဆောက်ရေးအတွက်အရေးကြီးတဲ့ ကိစ္စဖြစ် ကြောင်း ထည့်သွင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံ ခြင်းနဲ့ အကြမ်းဖက်မှုတွေအတွက် နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ကုလသမဂ္ဂရဲ့ ကာကွယ်တားဆီးရေး အစီအစဉ်တွေကိုလည်း မြန်မာသံအမတ်ကြီးက မေးမြန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။