Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ၎င်းတို့ထုတ်ပြန်ထားသည့် အပစ်ရပ်ကြေညာချက်ကို မလိုက်နာဟု KNU ထုတ်ပြန်

စစ်ကောင်စီတပ်သည် KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွယ်ကျေးရွာ အတွင်းသို့ လက်နက် ကြီးများ ပစ်ချခဲ့သဖြင့် နော်မချစ်ဆိုသူကို ထိခိုက်မှု ရှိသည့်အပြင် နွားသုံးကောင်ကိုလည်း ထိမှန်ခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်းတို့ထုတ်ပြန်ထားသောငါးလ အပစ်ရပ်ကြေညာချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှုနှင့်လူအခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ် ပြန်သည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တို့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့် အောက်တိုဘာ ၁ရက်မှ ၂၀၂၂ ဖေဖော်ဝါရီအထိ ၅လကြာ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီသည် ငါးလအပစ်ရပ်ထုတ်ပြန်ချက်ကို ၎င်းတို့ ကိုယ်တိုင်လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ KNU၏ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွယ်ကျေးရွာ အတွင်းသို့ လက်နက် ကြီးများ ပစ်ချခဲ့သဖြင့် နော်မချစ်ဆိုသူကို ထိခိုက်မှု ရှိသည့်အပြင် နွားသုံးကောင်ကိုလည်း ထိမှန်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ဒူးပလာယာခရိုင် ဝေါလေမြို့နယ်အတွင်းတွင်လည်း အောက်တိုဘာလ ၂ ရက်တွင် ဝဲကလိမှ G-1 စိုးမင်းဦးစီးသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် နိုင်ချာယ်ရီ ဦးစီးသော မွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပေါင်းစည်းပြီး အပြင်စခန်းကြီး၌ ပြည်သူလူထုများ၏ ကား နှင့် ဆိုင်ကယ်များကို စစ်ဆေးကာ ကားငါးစီးနှင့် ဆိုင်ကယ်နှစ်စီးကို သိမ်းယူသည့်အပြင် ပြည်သူသုံးဦးကိုဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

KNU မူတြော်ခရိုင်တွင် အောက်တိုဘာ ၂ရက်မှ ၁၀ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်များသည် ဖောထီးခူ ကျေးရွာသူကျေးရွားသားများ၏ လုပ်ငန်းခွင် အတွင်းသို့ လက်နက်ကြီးများ ပစ်ချခဲ့ကြသည့်အပြင် ပြည်သူလူထုများ သွားလာရာ လမ်းများ၌ မိုင်းများ ထောင်ထား၍ ပြည်သူမျာ ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်နေရသည်ဟု ဆိုသည်။

အောက်တိုဘာ ၄ရက်က အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖြစ် စကခ – ၈ ၊ ခမရ – ၄၀၅ တို့သည် မယ်ပရီးခီးမှ စတင်ထွက်ခွာ၍ တနေးရွာသို့ အရောက်တွင် တနေးရွာမှ လူငယ် ၁၈ ဦးကို အတင်းအဓမ္မခေါ်ယူပြီး မယ်ကဝါထာ အထိ လမ်းပြခိုင်းခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့၏ စားနပ်ရိက္ခာများကိုထမ်းခိုင်းခဲ့ကောင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက်တွင် မယ်ကဝါထာ ကျေးရွာမှ အမျိုးသမီး​လေး ဦး နှင့် အမျိုးသားတစ်ဦး စုစုပေါင်းငါး ဦးကိုလည်း ဝါခထာအထိ အတင်းအဓမ္မဖမ်းခေါ်သွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့နောက် ဝါခထာ ကျေးရွာသူကျေးရွာသား ၁၄ ဦး ကို အတင်းအဓမ္မ ထပ်မံဖမ်းခေါ်ပြီး ဝေါ်ဝေလေး အထိခေါ်ဆောင်ခဲ့ပြီး ထိုမှတဖန် ဝေါ်ဝေလေး ကျေးရွာမှ အမျိုးသမီး​လေးဦး နှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ​ခြောက်ဦးကို ခူသူထာအထိ အတင်းအဓမ္မ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ပြည်သူလူထုများကို အတင်းအဓမ္မ ဖမ်းဆီးပြီး လမ်းပြ လုပ်ခိုင်းခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း နှင့် စားနပ်ရိက္ခာများ ထမ်းခိုင်းခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်က ပြည်သူလူထုများ လုပ်ကိုင် စားသောက်ရာနေရာများသို့ လက်နက်ကြီး များပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝေမိုကျေးရွာမှ လူနေအိမ် ၃၆ လုံး၊ စာသင်ကျောင်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်းတစ်လုံး၊ ရေကန်တစ်လုံး၊ ဆိုင်ကယ် သုံးစီး၊ ကားတစ်စီး နှင့် နွားခုနစ်ကောင် ထိမှန်ပျက်စီးမှု ရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် ပြည်သူတစ်ဦးကိုလည်း ထိမှန်ခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာ(၁)နယ်မြေ သထံခရိင်တွင်လည်း အောက်တိုဘာ ၃ရက်က ဆိုင်ကယ်စီးလာသည့် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ စစ်ရေးလှုပ်ရှားမှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆက် မပြတ်လုပ်ဆောင်နေသောကြောင့် KNU လက်အောက်ခံ တပ်ဖွဲ့များနှင့် မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ KNU ထိန်းချုပ်နယ်မြေများဖြစ်သော သထုံခရိုင် တပ်မဟာ(၁)နယ်မြေ၊ မူတြော်ခရိုင် တပ်မဟာ(၅) နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေများ၌ အောက်တိုဘာလ ၁ရက်မှ ၄ရက်အတွင်း တိုက်ပွဲ ၂၈ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၂၃ဦးသေဆုံးကာ ၂၆ဦး ဒထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook