Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့နယ်တွင် သစ်တောထွက်ပစ္စည်းများနှင့် သဘာဝသစ်ပင်များကိုတရားမဝင်ရောင်းဝယ်ပါက အရေးယူမည်ဟု CDFထုတ်ပြန်

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်မကြာသေးမီကလည်း အဓိကထွက်ကုန်ဖြစ်‌သော ဝဥများ ခိုးယူရောင်းချခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ထားသည်။

People's Spring
People's Spring

မင်းတပ်မြို့နယ်အတွင်းရှိ သစ်တောထွက်ပစ္စည်းများနှင့်သဘာဝပေါက်ပင်များကို တရားမဝင် ရောင်းဝယ်ဖောက် ကားပါက ပြင်းထန်စွာအရေးယူမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Mindat က ယနေ့(အောက်တိုဘာ၁၉) သတိပေးချက်ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်အတွင်းရှိ သဘာဝပေါက်ပင်များဖြစ်သည့် သစ်ခွ၊ ပုဇွန်၊ နီလုံး ၊ဖြူတု၊ ရိုးတန်ရှည် ၊တစ်လုံးဥ၊ တပင်တိုင်မြနန်း ၊တောင်လုံးကျော် စသည့် သစ်တောထွက်ပစ္စည်းများကို ရှာဖွေခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများနှင့် တရားမဝင် သစ်ခိုးထုတ်ခြင်းများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်မကြာသေးမီကလည်း အဓိကထွက်ကုန်ဖြစ်‌သော ဝဥများ ခိုးယူရောင်းချခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ဒေသခံများက မှတ်ချက်ပြုကြသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ် မင်းတပ်မြို့သည် စစ်ကောင်စီအား အစောဆုံးလက်နက်စွဲကိုင်တော်လှန်ခဲ့သည့် မြို့နယ် ဖြစ်ပြီး ယခုအခါ ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Mindat က ပူးတွဲအကောင်အထည်ဖော်နေနိုင်ပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတစ်ဦး ချင်းဒေသကာကွယ်ရေးတပ်(CDF)ဟားခါးထံ အလင်းဝင်ခဲ့ဟု CDF ဟားခါးက ယနေ့ ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းတောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်တပ်များ စုပေါင်းခုခံနေသည်ဟု ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF စီးယင်းစစ်ဦးစီးချုပ် ဦးထောင်းပူက ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) - ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)က ယနေ့(မေလ ၁၅ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။