Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့နယ်တွင် သစ်တောထွက်ပစ္စည်းများနှင့် သဘာဝသစ်ပင်များကိုတရားမဝင်ရောင်းဝယ်ပါက အရေးယူမည်ဟု CDFထုတ်ပြန်

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်မကြာသေးမီကလည်း အဓိကထွက်ကုန်ဖြစ်‌သော ဝဥများ ခိုးယူရောင်းချခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ထားသည်။

People's Spring
People's Spring

မင်းတပ်မြို့နယ်အတွင်းရှိ သစ်တောထွက်ပစ္စည်းများနှင့်သဘာဝပေါက်ပင်များကို တရားမဝင် ရောင်းဝယ်ဖောက် ကားပါက ပြင်းထန်စွာအရေးယူမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Mindat က ယနေ့(အောက်တိုဘာ၁၉) သတိပေးချက်ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်အတွင်းရှိ သဘာဝပေါက်ပင်များဖြစ်သည့် သစ်ခွ၊ ပုဇွန်၊ နီလုံး ၊ဖြူတု၊ ရိုးတန်ရှည် ၊တစ်လုံးဥ၊ တပင်တိုင်မြနန်း ၊တောင်လုံးကျော် စသည့် သစ်တောထွက်ပစ္စည်းများကို ရှာဖွေခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများနှင့် တရားမဝင် သစ်ခိုးထုတ်ခြင်းများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်မကြာသေးမီကလည်း အဓိကထွက်ကုန်ဖြစ်‌သော ဝဥများ ခိုးယူရောင်းချခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ဒေသခံများက မှတ်ချက်ပြုကြသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ် မင်းတပ်မြို့သည် စစ်ကောင်စီအား အစောဆုံးလက်နက်စွဲကိုင်တော်လှန်ခဲ့သည့် မြို့နယ် ဖြစ်ပြီး ယခုအခါ ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Mindat က ပူးတွဲအကောင်အထည်ဖော်နေနိုင်ပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။