Connect with us

Hi, what are you looking for?

News

နိုင်ငံတကာရေနံကုမ္ပဏီများစစ်ကောင်စီကိုငွေပေးချေမှုရပ်တန့်ရန်ကျောင်းသားသမဂ္ဂ ၂၃၆ ခု တိုက်တွန်း

လူမျိုးတုန်းသတ်ဖြတ်နေသော ဖက်ဆစ်စစ်တပ်ကို ငွေပေးဆောင်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှုကို ငွေပေး၍ ကျူးလွန်သူများပင်ဖြစ်သည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

နိုင်ငံတကာ ရေနံ ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီကို ဒေါ်လာဘီလီယံ နှင့်ချီ၍ ငွေပေးချေမှုကို ရပ်တန့်ရန် နှင့် မြန်မာနိုင်ငံသို့ ပေးချေရမည့် ငွေများကို ခေတ္တထိန်းသိမ်းထားရန် ကျောင်းသားသမဂ္ဂ ၂၃၆ ခု က တိုက်တွန်းချက်ထုတ်ပြန်သည်။

လူမျိုးတုန်းသတ်ဖြတ်နေသော ဖက်ဆစ်စစ်တပ်ကို ငွေပေးဆောင်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှုကို ငွေပေး၍ ကျူးလွန်သူများပင်ဖြစ်သည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံတကာကုမ္ပဏီများသည် အကြမ်းဖက်တရားမဝင်စစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုလုံးဝရပ်တန့်ရန်၊ဒီမိုကရေစီပြန်လည်ရရှိပြီး ပြည်သူ့အစိုးရ ပေါ် ပေါက်ချိန်ထိ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသို့ပေးချေရမည့်ငွေများကို ဘဏ်တစ်ခုတွင် ခေတ္တ ထိန်းသိမ်းထားရန် နှင့် နိုင်ငံတကာအစိုးရ များအနေဖြင့်အညဏာသိမ်းစစ်ကောင်စီအောက် ရောက်ရှိနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်လည်းသမဂ္ဂများက တောင်းဆိုသည်။

ဖက်ဆစ် စစ်တပ်၏ ထုတ်ကုန်များမသုံးစွဲရန်နှင့် ဖက်ဆစ်စစ်တပ်၏ ဝင်ငွေများရပ်တန့်စေရန် ကြိုးပမ်းမှုသည် စစ်တပ်၏ အာဏာသိမ်းပြီးနောက်တွင် သပိတ်မှောက် ဆန့်ကျင်လှုပ်ရှားမှုများလည်း ပိုမိုပြင်းထန်လာခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထံ ပေးလိုက်သောငွေသည် တိုင်းရင်းသားပြည်သူများအားသတ်ဖြတ်နေသော ကျည်ဆံဖိုးဖြစ်နေသည်ကို သတိပြုရန် လည်း သမဂ္ဂများက ဆိုသည်။

ထို့အပြင် အောက်တိုဘာ ၂၉ ရက်ကချင်းပြည် နယ် ထန်တလန်မြို့အား မီးရှို့ဖျက်ဆီးမှုကို စစ် ကောင်စီက လုပ်ဆောင်ခဲ့မှုကြောင့် ဘုရားကျောင်းများအပါအဝင် လူနေအိမ်ခြေ ၁၆၄ လုံး ကျော် မီးလောင်ကျွမ်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖက်ဆစ်စစ်တပ်သည် ခေတ်အဆက်ဆက် လက်နက် အားကိုး၍ အနိုင်ကျင့်ချယ်လှယ် အုပ်ချုပ်နေသည်မှာလည်း ယနေ့အထိ ဖြစ်သည်ဟု သမဂ္ဂမများ၏ ပူးတွဲကြေညာချက်က အသိပေးသည်။

ထို့ကြောင့် နိုင်ငံတကာ ကုမ္ပဏီများ၊ အစိုးရအဖွဲ့များသည် မြန်မာပြည်သူလူထု၏ ဆန့်ကျင်ဘက်တွင် မရပ်ဘဲ ပြည်သူလူထု၏ ဆန္ဒကို အလေး ထားရန် ကျောင်းသားသမဂ္ဂများက တိုက်တွန်းသည်။

နိုင်ငံတကာတွင်လည်း အကြမ်းဖက်စစ်ကောင်စီသို့စီးဆင်းတဲ့ ငွေအရင်းအမြစ်ဖြတ်တောက်ရေးအတွက်လမ်းလျှောက်ချီတက်ဆန္ဒပြပွဲများ ကို ယနေ့ (အောက်တိုဘာ ၃၁ ရက်) တွင်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook