Connect with us

Hi, what are you looking for?

News

စစ်ကောင်စီစာရင်းစစ်ချုပ်ကိုဖိတ်ကြားတဲ့ AFA ကနေ နုတ်ထွက်ရေး အွန်လိုင်းကမ်ပိန်းမှာ ပါဝင်ကြဖို့ Jusitce for Myanmar တောင်းဆို

ဒါ့အပြင် AFA ညီလာခံကို အပြည်ပြည်ဆိုင်ရာစာရင်းပညာရှင်များအဖွဲ့ချုပ်(IFA)နုတ်ထွက် ရေးကို လက်မှတ် ထိုးတောင်းဆိုကြဖို့ Justice for Myanmar က တိုက်တွန်းပါတယ်။

မြန်မာလူထုရဲ့ အဆက်မပြတ်ဖိအားပေးမှုတွေကြောင့် ဩစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်နဲ့ ဂျပန်တို့က ထိပ်တန်းစာရင်းပညာရှင်အဖွဲ့တွေဟာ အာဆီယံစာရင်းပညာရှင်များအဖွဲ့ချုပ်(AFA)ညီလာခံကနေ နုတ်ထွက်ခဲ့ပြီဖြစ်ပြီး ဗြိတိန်စာရင်းပညာရှင်များအဖွဲ့(ACCA)နဲ့ အင်္ဂလန်နဲ့ဝေးလ်စာရင်းပညာရှင်များအဖွဲ့(ICAEW)တို့ နုတ်ထွက်ရေး လက်မှတ်ရေးထိုးဖို့ Justice for Myanmar က တိုက်တွန်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စာရင်းစစ်ချုပ်ကို ဧည့်သည်တော်အဖြစ်ဖိတ်ကြားထားတဲ့ AFA ညီလာခံကို ဆန့်ကျင်နုတ်ထွက်ဖို့ မြန်မာပြည်သူလူထုက အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပြီး အဲဒီလိုတောင်းဆိုမှုကြောင့်လည်း ဩစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်နဲ့ ဂျပန်တို့က ထိပ်တန်းစာရင်းပညာရှင်အဖွဲ့တွေက နုတ်ထွက်ခဲ့ကြတာပါ။

ဒါ့အပြင် AFA ညီလာခံကို အပြည်ပြည်ဆိုင်ရာစာရင်းပညာရှင်များအဖွဲ့ချုပ်(IFA)နုတ်ထွက် ရေးကို လက်မှတ် ထိုးတောင်းဆိုကြဖို့ Justice for Myanmar က တိုက်တွန်းပါတယ်။

အဲဒီလိုလက်မှတ်ထိုးတောင်းဆိုမှုကို https://bit.ly/3osYQyg ကတစ်ဆင့်ဝင်ရောက်လုပ်ဆောင် နိုင်တယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook