Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံမြို့နယ်တွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရ၍ ရိက္ခာတင်ကား တစ်စီးပျက်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ

ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စစ်ကောင် စီယာဉ်တန်းသည် ဝါးဘိုးတောဘက်မှ ကမမောင်းဘက်သို့ ဦးတည် မောင်းနှင်လာရာ KNU လက်အောက်ခံ တပ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် ဘာအံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကားအစင်ရေ ၃၈စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံပြီး ရိက္ခာတင်ယာဉ်တစ်စီး ပျက်စီးခဲ့သည်ဟု KNU ဗဟို သတင်နှင့် ပြန်ကြားရေးဌာနက ယမန်နေ့ညက ထုတ်ပြန် သည်။

နိုဝင်ဘာ ၁၉ရက်က ဘားအံမြို့နယ် ဘန့်ဘွေးကုန်းရွာအနီး နယ်မြေကျော်လွန် ဖြတ်သန်းလာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စစ်ကောင် စီယာဉ်တန်းသည် ဝါးဘိုးတောဘက်မှ ကမမောင်းဘက်သို့ ဦးတည် မောင်းနှင်လာရာ KNU လက်အောက်ခံ တပ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၁)နယ်မြေတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများကြားနေရကြောင်း တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ ဒီနေ့ ၈နာရီ ၅၀ လောက်မှာ အသံကြားတယ်။ စကစပဲ လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်တာလားတော့ မသိဘူး။ အဲဒီ ဘားအံမြို့နယ်ဘက်အခြမ်းမှာပဲကြားရတာ” ဟု ၎င်းက ဆိုသည်။

ယခုလအတွင်း KNU တပ်မဟာ(၁) နှင့် တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။ တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၅) နယ်မြေများ၌ ယခုလအတွင်း တိုက်ပွဲအကြိမ် ၁၀၀ကျော်ဖြစ်ပွားခဲ့ကြောင်း KNU၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။