Connect with us

Hi, what are you looking for?

News

ဘားအံမြို့နယ်တွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရ၍ ရိက္ခာတင်ကား တစ်စီးပျက်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ

ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စစ်ကောင် စီယာဉ်တန်းသည် ဝါးဘိုးတောဘက်မှ ကမမောင်းဘက်သို့ ဦးတည် မောင်းနှင်လာရာ KNU လက်အောက်ခံ တပ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် ဘာအံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကားအစင်ရေ ၃၈စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံပြီး ရိက္ခာတင်ယာဉ်တစ်စီး ပျက်စီးခဲ့သည်ဟု KNU ဗဟို သတင်နှင့် ပြန်ကြားရေးဌာနက ယမန်နေ့ညက ထုတ်ပြန် သည်။

နိုဝင်ဘာ ၁၉ရက်က ဘားအံမြို့နယ် ဘန့်ဘွေးကုန်းရွာအနီး နယ်မြေကျော်လွန် ဖြတ်သန်းလာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် စစ်ကောင် စီယာဉ်တန်းသည် ဝါးဘိုးတောဘက်မှ ကမမောင်းဘက်သို့ ဦးတည် မောင်းနှင်လာရာ KNU လက်အောက်ခံ တပ်ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၁)နယ်မြေတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများကြားနေရကြောင်း တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ ဒီနေ့ ၈နာရီ ၅၀ လောက်မှာ အသံကြားတယ်။ စကစပဲ လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်တာလားတော့ မသိဘူး။ အဲဒီ ဘားအံမြို့နယ်ဘက်အခြမ်းမှာပဲကြားရတာ” ဟု ၎င်းက ဆိုသည်။

ယခုလအတွင်း KNU တပ်မဟာ(၁) နှင့် တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။ တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၅) နယ်မြေများ၌ ယခုလအတွင်း တိုက်ပွဲအကြိမ် ၁၀၀ကျော်ဖြစ်ပွားခဲ့ကြောင်း KNU၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook