Connect with us

Hi, what are you looking for?

News

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေးလှုပ်ရှားမှု PDF တပ်သားများပါဝင်ဆင်နွှဲ

အဆိုပါ လှုပ်ရှားမှုကို ရှေ့တန်း၊နောက်တန်း နေရာအစုံ၌ ရရာလက်နက်ဖြင့် ကျရာတာဝန်ထမ်းဆောင်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြောင်းကို ဖဲကြိုးဖြူကမ်ပိန်းဓာတ်ပုံများဖော်ပြခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး လှုပ်ရှားမှုဖြစ်သည့် ဖဲကြိုးဖြူကမ်ပိန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များ ပါဝင်ဆင်နွှဲခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ လှုပ်ရှားမှုကို ရှေ့တန်း၊နောက်တန်း နေရာအစုံ၌ ရရာလက်နက်ဖြင့် ကျရာတာဝန်ထမ်းဆောင်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြောင်းကို ဖဲကြိုးဖြူကမ်ပိန်းဓာတ်ပုံများဖော်ပြခဲ့သည်။

နိုဝင်ဘာ၂၅ရက်မှ ဒီဇင်ဘာ၁၀ရက်သည် ကမ္ဘာနှင့်အဝန်းတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ၁၆ရက်တာဖဲကြိုးဖြူလှုပ်ရှားမှုကာလဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးဆိုင်ရာလှုပ်ရှားမှုများ အထိမ်းအမှတ်နေ့များ သတ်မှတ်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်သားများသည် စစ်ဖက်ဆိုင်ရာကျင့်ဝတ်၊စည်းကမ်းများကို လေးစားလိုက်နာပြီး နိုဝင်ဘာ၂၅ရက်တွင်ကျရောက်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို မည်သည့်နည်းနှင့်မဆို ကိုယ်တိုင်မကျူးလွန်သည့်အပြင် ယင်းအကြမ်းဖက်မှုများကိုလျော့ကျသွားစေရန် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းပါမည်ဟု ဖဲကြိုးဖြူကမ်ပိန်းတွင်ပါဝင်ခြင်းဖြင့် ကတိကဝတ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။