Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်​တွေ အမျိုးသမီး​တွေကို အဓမ္မခိုင်းစေတာတွေ ပိုလုပ်လာ

လက်ရှိဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်ဦးရေ ၈၂၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရတာဖြစ်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး KWO ထံကနေ သိရပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာနဲ့အမျှ အမျိုးသမီးတွေကို အဓမ္မခိုင်းစေတာတွေ ပိုလုပ်လာခဲ့ပြီး အဓမ္မလုပ်အားပေး စေခိုင်းခံရတဲ့အခါမှာ စစ်ကောင်စီတပ်သားတွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုကို ခံရလေ့ရှိတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက​ပြောပါတယ်။

ဖာပွန်ခရိုင်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒေသခံအမျိုးသမီးတွေအပေါ် အကြမ်းဖက်တာ၊ ဖမ်းဆီးခေါ်ဆောင်တာ၊ လူသားဒိုင်းကာအဖြစ်အသုံးပြုတာနဲ့ အထမ်းသမားပေါ်တာအဖြစ် ခိုင်းစေတာတွေ ပိုလုပ်ဆောင်လာခဲ့တယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ပြောခွင့်ရသူက ဆိုပါတယ်။

Public Service Announcement

“ခုက သူတို့(စစ်ကောင်စီ)ပစ်မှတ်ထားတာက အမျိုးသားကိုမတွေ့လို့ရှိရင် များသောအားဖြင့် အမျိုးသမီးကိုခေါ်တယ်။ အမျိုးသမီးကို ဓားစာခံအဖြစ် လမ်းပြခိုင်းတာတို့ လမ်းပြမသွားလို့ရှိရင် ထုတာရိုက်နှက်တာတို့ ပြီးတော့ သူတို့ရဲ့လေးလံတဲ့ ပစ္စည်းကိုသယ်ခိုင်းတာတော့ အခုကတော့အခြေအနေမှာ အများကြီးဖြစ်ပေါ်တာရှိတာပေါ့နော်။ ဒေသခံအမျိုးသမီးတွေက ဘယ်လိုပဲဖြစ်ဖြစ် သွားရေးလာရေးမှာ ဆင်ဆင်ခြင်ခြင်နဲ့သွားဖို့။ ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါနော်။ ကိုယ့်ကို စစ်ကောင်စီက တခုခုလုပ်မယ်ဆိုလို့ရှိရင် သတင်းအချက်အလက်တို့ နေရာဒေသသေသေချာချာ မှတ်ထားဖို့ ပြောချင်ပါတယ်” လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပြောခွင့်ရသူကဆိုပါတယ်။

ကရင်ငြိမ်းချမ်းရေးကွန်ယက် အထောက်အကူပြုကွန်ယက် KPSN က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာလည်း ဖာပွန်ခရိုင်ထဲ စစ်ရေးဝင်ရောက်ကျူးကျော်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကေအဲန်ယူရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကြောင့် အကျအဆုံးများပြားခဲ့ပြီး ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဟာ ဒေသခံအရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကေအဲန်ယူအပေါ် တိုက်ရိုက်လက်စားခြေနိုင်ခြင်းမရှိတဲ့အတွက် အရပ်သားတွေကိုပစ်မှတ်ထားပြီး အမျိုးသားတွေကို သာမက အမျိုးသမီးတွေကိုပါ ဥပဒေမဲ့ဖမ်းဆီးတာ၊ ညဉ်းပန်းနှိပ်စက်တာ၊ အထမ်းသမား ပေါ်တာအဖြစ်ခိုင်းစေတာနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်ဦးရေ ၈၂၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရတာဖြစ်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး KWO ထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook