Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်တွင် စစ်​ကောင်စီတပ်ကရမ်းသန်းပစ်ခတ်ရာ စစ်ဗိုလ်တစ်ဦး၏မိခင် ကျည်ထိမှန်

“လမ်းနဲ့လယ်နှစ်ကွက်ကျော်လောက်မှာလယ်ရိမ်းသိမ်းနေတဲ့ စစ်ဗိုလ်ရဲ့အမေကို လက်ကောက်ဝတ်မှန်ပြီးဖောက်ထွက်သွားတာ”ဟု​ ဒေသခံတစ်ဦးက ဒေသတွင်း မိုးသားရိပ်မီဒီယာသို့ဖြေကြားထားသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်သားများကပြည်သူကိုရန်သူကဲသို့သ​ဘောထားကာ တိုက်ခိုက်၊သတ်ဖြတ်၊ဖမ်းဆီး၊နှိပ်စက်​နေကြသည်)

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများကရမ်းသမ်းပစ်ခတ်၍ လယ်ရိတ်နေသည့် စစ်ဗိုလ်တစ်ဦးမိခင် ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) မွန်းလွဲပိုင်းက မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကိုင်းဘက်မှလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကားတန်းသည် ထီးဆောင်းကျေးရွာအနီးတွင် ရမ်းသမ်းပစ်ခတ်ရာမှ လယ်ရိတ်သိမ်းနေသည့်အမျိုးသမီးတစ်ဦး လက်ကောက်ဝတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးမှာ ထီးဆောင်း​ကျေးရွာသူ ဒေါ်ရီမြင့်ဖြစ်ပြီး ၎င်း၏သားမှာ မိခင်တပ်ရင်း ပခုက္ကူမြို့မှ ယခု့လ​က်ရှိမှော်ဘီမြို့တွင်တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးမင်းသူ၏ အမေဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လမ်းနဲ့လယ်နှစ်ကွက်ကျော်လောက်မှာလယ်ရိမ်းသိမ်းနေတဲ့ စစ်ဗိုလ်ရဲ့အမေကို လက်ကောက်ဝတ်မှန်ပြီးဖောက်ထွက်သွားတာ”ဟု​ ဒေသခံတစ်ဦးက ဒေသတွင်း မိုးသားရိပ်မီဒီယာသို့ဖြေကြားထားသည်။

ကျည်ထိမှန်သွားသူစစ်ဗိုလ်၏မိခင်သည်မြင်းမူဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းလည်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအဝင် ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။