Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး အာဆီယံ၏ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် G7 ထပ်လောင်းအတည်ပြု

G7 ဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပြီး အာဆီယံ၏ သဘောတူညီမှုအချက် ၅ ချက်ကို ချက်ခြင်းအပြည့်အဝ အကောင် အထည်ဖော်ရေးတိုက်တွန်းခဲ့သည်။

G7-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ စစ်ကောင်စီကို တက်ရောက်ခွင့်မပြု

အပြုသဘောဆောင်သည့် နည်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံကို ရေရှည်ငြိမ်းချမ်းရေးရရှိနိုင်ရေး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီပံ့ပိုးပေးရန် ကမ္ဘာ့အင်အားကြီး (၇)နိုင်ငံအဖွဲ့ G7က အဆင်သင့်ဖြစ် ကြောင်း ထပ်လောင်းအတည်ပြုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် G7 အဖွဲ့ဝင်နိုင်ငံခြား ရေးဝန်ကြီးများ၏ အစည်းအဝေးကို အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့၌ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားတက်ရောက်စေခဲ့သည်။

သို့သော် အထက်ပါအစည်းအဝေးသို့ မြန်မာစစ်ကောင်စီကို အိမ်ရှင်ဗြိတိန်က ဖိတ်ကြားခြင်းမပြုပေ။

Public Service Announcement

Public Service Announcement

G7 ဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပြီး အာဆီယံ၏ သဘောတူညီမှုအချက် ၅ ချက်ကို ချက်ခြင်းအပြည့်အဝ အကောင် အထည်ဖော်ရေးတိုက်တွန်းခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာများအနေဖြင့် ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ၊ ဘေးကင်းစွာ မူလနေရပ်ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရေးအတွက် အခြေအနေများဖန်တီးပေးရန် အရေးကြီးကြောင်း G7 ဝန်ကြီးများက အလေးပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူ အညီများပံ့ပိုးပေးခြင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်စတင်ရန် ပံ့ပိုးကူညီခြင်းနှင့် ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံအား ပံ့ပိုးကူညီရန် AHA Center ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပိုမိုမြင်သာပြီး အားကောင်းသည့် အခန်းကဏ္ဍအတွက် G7 ၏ စုပေါင်းပံ့ပိုးမှုကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook