Connect with us

Hi, what are you looking for?

News

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုအောင်ဖုန်းမော်ကို စစ်ကောင်စီ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်ချ

ကိုအောင်ဖုန်းမော်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းက ရန်ကုန်၊တာမွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာဆန္ဒပြချိန်မှာ တခြားသောကျောင်းသားခေါင်းဆောင်တွေနဲ့အတူ အဖမ်းဆီးခံခဲ့ရတာပါ။

နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်တယ်ဆိုပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့မှာ အလုပ်ကြမ်း ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။

ဒီလို ကိုအောင်ဖုန်းမော်ကို ထောင်ချလိုက်တာကိုရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်းအသိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။

ကိုအောင်ဖုန်းမော်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းက ရန်ကုန်၊တာမွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာဆန္ဒပြချိန်မှာ တခြားသောကျောင်းသားခေါင်းဆောင်တွေနဲ့အတူ အဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကို ဖြတ်သန်းခဲ့ရသလို အင်းစိန်ထောင်ကိုရောက်ချိန်မှာလည်း နိုင်ငံရေးအကျဉ်းသားမဟုတ်သူတွေနဲ့ ရောနှောထားတာမျိုးလုပ်ခဲ့ပြီးအလုပ်ကြမ်းစေခိုင်းတာလည်း ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရန်ကုန်တက္ကသိုလ်ကျောင်းသမဂ္ဂက ထုတ်ပြန်ထားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ထောင်ချခံရတဲ့ ကိုအောင်ဖုန်းမော်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ နောက်ဆုံးနှစ် သင်္ချာကျောင်းသားတစ်ဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ သုတေသနရေးရာတာဝန်ခံ လည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူမှန်သမျှကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်နေသလိုအကြမ်းဖက် သတ်ဖြတ်တာတွေကိုလည်းလုပ်ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook