Connect with us

Hi, what are you looking for?

News

ကရင်လက်နက်ကိုင်အဖွဲ့အားလုံး စုစည်းပြီး ပြည်သူ့ဘက်ကရပ်ဖို့ လေးကေကော်လူငယ်ကွန်ရက်တောင်းဆို

သဝဏ်လွှာမှာ လက်ရှိဖြစ်ပွားနေတဲ့ လေးကေကော်တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်သူအားလုံးကို လေးကေကော်လူငယ်ကွန်ရက်က အချက်(၇) ချက်ပါတဲ့ အချက်တွေကို တောင်းဆိုခဲ့တာပါ။

ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးမူ(၄)ချက်နဲ့အညီ ကရင်လက်နက်ကိုင်အဖွဲ့အားလုံး ပြန်လည်စုစည်းပြီး ပြည်သူ့ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့ လေးကေကော်လူငယ်ကွန်ရက်က ကရင်နှစ်သစ်ကူးနေ့ ဒီကနေ့မှာ သဝဏ်လွှာပေးပို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သဝဏ်လွှာမှာ လက်ရှိဖြစ်ပွားနေတဲ့ လေးကေကော်တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်သူအားလုံးကို လေးကေကော်လူငယ်ကွန်ရက်က အချက်(၇) ချက်ပါတဲ့ အချက်တွေကို တောင်းဆိုခဲ့တာပါ။

အဲ့ဒီတောင်းဆိုချက်တွေထဲမှာ လေးကေကော်လူငယ်ကွန်ရက်နဲ့ ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ပြီး ကရင်နှစ်သစ်မှစကာ မျက်စိဖွင့်နားစွင့် ထကြွနိုးကြားကြပြီး အကြမ်းဖက်မှန်သမျှကို အမြစ်ပြုတ်တိုက်ထုတ်ကြဖို့ နိုင်ငံတစ်ဝန်းက ပြည်သူတွေနဲ့ ပြည်ပမှာရောက်ရှိနေတဲ့ သူတွေက စစ်ရှောင်တွေအတွက် ဝိုင်းဝန်းပြီး အတူတကွရပ်တည်ပေးဖို့ တောင်းဆိုထားတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ အရပ်သားပြည်သူနေထိုင်ရာဒေသကို လေယာဉ်တွေနဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်တာဟာ ကြီးမားတဲ့ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်ပြီး စစ်ဘေးရှောင်တွေ ကျန်ရှိခဲ့တဲ့ နေအိမ်အဆောက်အဦးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ခိုးယူတာတွေဟာ လွန်စွာရှက်ရွံ့ရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အရပ်သားပြည်သူ နေအိမ်အဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေမှာ စစ်စခန်းချတာတွေကို ရှုတ်ချတယ်လို့ သဝဏ်လွှာမှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ထိုးစစ်ဆင်နေမှုကို ရပ်တန့်ပြီး လေးကေကော်ဒေသကနေ ပြန်လည်ဆုတ်ခွာပေးဖို့၊ သတင်းမီဒီယာနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအနေနဲ့လည်း ဓာတ်ပုံဗီဒီယို သတင်းစတာတွေကို ဝေမျှရာမှာ စစ်ဘေးရှောင်ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ လုံခြုံရေးထိခိုက်မှုမရှိစေဖို့အတွက် ဂရုပြုဆင်ခြင်ကြဖို့ တောင်းဆိုထားသေးတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လေးကေကော်ဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ အင်အားသုံးပြီး မြေပြင်ထိုးစစ်ဆင်လာတာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ကရင်ပြည်နယ် နဲ့လူထုရဲ့ ဘဝကို အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီး ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ ကရင့်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ရှိ လေးကေကော်မြို့သစ်ကို သိမ်းဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ KNU နဲ့ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကြောင်းလန်ကျသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက်ခြမ်းက လေးကေကော်မြို့သစ်ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် ဒီနေ့ မနက်ပိုင်း မှာ (စက်တင်ဘာ ၂၂ ရက် ) မြဝတီမြို့စောင့်တပ် ဆီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။