Connect with us

Hi, what are you looking for?

News

သာကေတတွင် စစ်ကောင်စီခန့် ရာအိမ်မှူးအသတ်ခံရ

“ဦးလှသွင်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ပစ်ခံရတာပါ။ နဖူးကိုသေနတ်နဲ့ နှစ်ချက်ပစ်သွားတာပါ။ ဆေးရုံကားလာခေါ်သေးပေမယ့် လမ်းမှာပဲဆုံးသွားပြီလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ သာကေတမြို့နယ် (၁၃)ရပ်ကွက် ဇေယျဝတီ (၄)လမ်းတွင် နေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီခန့် ရာအိမ်မှူး ဦးလှသွင် ယနေ့ (ဇန်နဝါရီ ၁၄ ရက်) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ဦးလှသွင်သည် ယနေ့ နံနက် ၁၀ နာရီခွဲကျော်တွင် သာကေတမြို့နယ် ဇေယျဝတီ (၂)လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်ထိုင်နေချိန်၌ ဆိုင်ကယ်ဖြင့် အမည်မသိလူတစ်ဦးက လာ​ရောက်ပြီး သေနတ်ဖြင့် နှစ်ချက်ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဦးလှသွင်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ပစ်ခံရတာပါ။ နဖူးကိုသေနတ်နဲ့ နှစ်ချက်ပစ်သွားတာပါ။ ဆေးရုံကားလာခေါ်သေးပေမယ့် လမ်းမှာပဲဆုံးသွားပြီလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ အကြမ်းဖက် စစ်ကောင်စီဝင် အများအပြားရောက်ရှိလာပြီး လမ်းများ ပိတ်ဆို့၍ စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook