Connect with us

Hi, what are you looking for?

LuduNwayOo

News

မြို့ဝင်ကြေးကောက်ခံသည့် ဘီးလင်းမြို့ ဂိတ်တဲ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာပြင်းထန်

“ကျွန်ုပ်တို့ ကျိုက်ထို KRFနှင့် ဘီးလင်း ပ.က.ဖ ပူးပေါင်းအဖွဲ့တို့မှ စစ်ရေးပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ရာ စစ်ခွေးနှစ်ကောင်အပြင်း အထန် ထိခိုက်သွားကြောင်း ပြည်သူလူထုအား အသိပေးကြေညာအပ်ပါသည်”ဟု KRF က ဆို သည်။

(ဘီးလင်းမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မွန်ပြည်နယ် ဘီးလင်းမြို့အဝင်ရှိ မြို့ဝင်ကြေးကောက်ခံသည့် စစ်ကောင်စီတပ်ဂိတ်တဲအား
ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force(KRF)က ယနေ့(ဇန်နဝါရီ ၂၃)ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီ​​​ထောက်တိုင်ဖြစ်​သော ဘီးလင်းမြို့အဝင်ရှိ မြို့ဝင်ကြေး‌ကောက်ခံသည့် စည်ပင်ဂိတ်အားဘီးလင်း ပ.က.ဖနှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်ုပ်တို့ ကျိုက်ထို KRFနှင့် ဘီးလင်း ပ.က.ဖ ပူးပေါင်းအဖွဲ့တို့မှ စစ်ရေးပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ရာ စစ်ခွေးနှစ်ကောင်အပြင်း အထန် ထိခိုက်သွားကြောင်း ပြည်သူလူထုအား အသိပေးကြေညာအပ်ပါသည်”ဟု KRF က ဆို သည်။

ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်မှ စည်ပင်သာယာဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ
အလိုကျ မြို့ဝင်ကြေးများ၊ အခွန်အခများ အတင်းအကြပ် ကောက်ခံနေမည်ဆိုပါက ယခုထက်ပိုမိုပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KRF က သတိပေးထားသည်။

ဇန်နဝါရီ ၁၇ ရက်ကလည်း ဘီးလင်းမြို့ဝင်ဂိတ် တိုက်ခိုက်ခံရပြီး အစောင့်စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement