Connect with us

Hi, what are you looking for?

News

မြို့ဝင်ကြေးကောက်ခံသည့် ဘီးလင်းမြို့ ဂိတ်တဲ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာပြင်းထန်

“ကျွန်ုပ်တို့ ကျိုက်ထို KRFနှင့် ဘီးလင်း ပ.က.ဖ ပူးပေါင်းအဖွဲ့တို့မှ စစ်ရေးပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ရာ စစ်ခွေးနှစ်ကောင်အပြင်း အထန် ထိခိုက်သွားကြောင်း ပြည်သူလူထုအား အသိပေးကြေညာအပ်ပါသည်”ဟု KRF က ဆို သည်။

(ဘီးလင်းမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မွန်ပြည်နယ် ဘီးလင်းမြို့အဝင်ရှိ မြို့ဝင်ကြေးကောက်ခံသည့် စစ်ကောင်စီတပ်ဂိတ်တဲအား
ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force(KRF)က ယနေ့(ဇန်နဝါရီ ၂၃)ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီ​​​ထောက်တိုင်ဖြစ်​သော ဘီးလင်းမြို့အဝင်ရှိ မြို့ဝင်ကြေး‌ကောက်ခံသည့် စည်ပင်ဂိတ်အားဘီးလင်း ပ.က.ဖနှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်ုပ်တို့ ကျိုက်ထို KRFနှင့် ဘီးလင်း ပ.က.ဖ ပူးပေါင်းအဖွဲ့တို့မှ စစ်ရေးပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ရာ စစ်ခွေးနှစ်ကောင်အပြင်း အထန် ထိခိုက်သွားကြောင်း ပြည်သူလူထုအား အသိပေးကြေညာအပ်ပါသည်”ဟု KRF က ဆို သည်။

ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်မှ စည်ပင်သာယာဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ
အလိုကျ မြို့ဝင်ကြေးများ၊ အခွန်အခများ အတင်းအကြပ် ကောက်ခံနေမည်ဆိုပါက ယခုထက်ပိုမိုပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KRF က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၇ ရက်ကလည်း ဘီးလင်းမြို့ဝင်ဂိတ် တိုက်ခိုက်ခံရပြီး အစောင့်စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook