Connect with us

Hi, what are you looking for?

LuduNwayOo

News

ထယ်ဘွေးတပ်စခန်းကို မတူပီ CDF ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံး

ဖေဖော်ဝါရီ ၁၁ရက် နံနက် ၁၁နာရီကျော်အချိန်တွင် မတူပီ CDFက အဆိုပါ တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး CDF ရဲဘော်များထိခိုက်မှုမရှိဟု ဆိုသည်။

မတူပီ – ပလက်၀လမ်းပေါ်ရှိ စစ်ကောင်စီ၏ ထယ်ဘွေးတပ်စခန်းကို ယနေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က သတင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ရက် နံနက် ၁၁နာရီကျော်အချိန်တွင် မတူပီ CDFက အဆိုပါ တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး CDF ရဲဘော်များထိခိုက်မှုမရှိဟု ဆိုသည်။

ယင်းတပ်စခန်းကို ဇန်နဝါရီ ၃ရက်မှစ၍ မတူပီ CDFက အကြိမ်ကြိမ် တိုက်ခိုက် ခဲ့ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီတပ်က ပိုမိုအထိနာခဲ့သည်။

မတူပီ – မင်းတပ်လမ်းမပေါ်တွင်လည်း စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်းကိုလည်း CDFက ထုတ်ပြန်သည်။ အဆိုပါ လမ်းမရှိ ခြန်းပြန်း(ခ)ရွာတွင် နေထိုင်သူ ဦးလောင်နိုး သည် နွားနောက်ရှာရင်း မိုင်းနင်းမိရာ ယနေ့ နေ့လည် ၁နာရီခွဲတွင်သေဆုံး ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ကလည်း အဆိုပါလမ်းပိုင်း၌ မိုင်းထောင်ထားရာ မင်းတပ်မြို့နယ်ရှိ ကလေးမိခင်တစ်ဦး မိုင်းနင်းမိသေဆုံးကာ ကလေးငယ်မှာ ခြေထောက်ဖြတ်တောက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။