Connect with us

Hi, what are you looking for?

News

သာကေတတွင် စစ်ကောင်စီယာဥ်တိုက်ခိုက်ခံရ၍ ပစ်ခတ်မှုပွားဖြစ်ပြီးနောက် (၇)စျေး မီးလောင်

“ဖောကားထဲကို အသီးပစ်ခံရတယ်။ ဒီကောင်တွေ လျှောက်ပစ်တယ်။ ပြီးတော့ သာကေတ(၇) ဈေးကို မီးရှို့လိုက်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - MFSD

ဝါယာရှော့မှ စတင်လောင်ခြင်းဖြစ်ဟုဆို

ရန်ကုန်မြို့ သာကေတမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ယာဥ် ဗုံးခွဲ တိုက်ခိုက်ခံရ၍ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သာကေတ (၇)ဈေးလည်း မီးလောင်မှုဖြစ်ခဲ့သည်။

ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်) နေ့လယ်က ဖြစ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ကို ပစ်ခတ်သွားသူများမှာ (၇)ဈေးအတွင်း ဝင်သွားသည်ဟုဆိုကာ စျေးကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ – MFSD

“ဖောကားထဲကို အသီးပစ်ခံရတယ်။ ဒီကောင်တွေ လျှောက်ပစ်တယ်။ ပြီးတော့ သာကေတ(၇) ဈေးကို မီးရှို့လိုက်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းဆက်လက်၍ “ဈေးသည်တွေထိခိုက်တာတော့ ရှိမယ်ထင်တယ်။ Ambulance တွေသွားနေတာ အများကြီးပဲ “ဟု ပြောသည်။

“နေ့လည် ၁ နာရီလောက်ထဲက စျေးထဲမှာ မီးကလောင်နေတာပါ။ မီးတော်တော်များတယ်။ မီးခိုးလုံးတွေ အိမ်ဘက်ကနေတောင် လှမ်းမြင်ရတယ်။ မီးသတ်ကားတွေရော လူနာတင်ကားတွေရော အများကြီး သွားနေတယ်။ဆိုင်ခန်းတွေ ပျက်စီးသွားတယ်”ဟု သာကေတမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ – MFSD

သို့သော် (၇)စျေး စျေးရုံအဟောင်းရှိ သားငါးတန်း၏ရှေ့ဘက် စတိုးဆိုင်တန်းမှ စတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီသူများက ပြောသည်။

“မီးကတော့ ငြိမ်းသွားပြီ။ လောင်တာက စျေးရုံအဟောင်းပေါ့။ ဝါယာရှော့ဖြစ်တယ်လို့ သိရပါတယ်”ဟု သာကေတမြို့နယ် အဖြူရောင်နှလုံးလှပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဒေသခံအချို့၏ပြောဆိုမှုအရ မယအထက်ပါစျေးမီးလောင်မှုမဖြစ်ပွားမီ သေနတ်ပစ်ဖောက်သံ များကြားရပြီး မည်သည်အတွက်ကြောင့် သေနတ်ပစ်ဖောက်ခဲ့သည်ကို မသိရသေးပေ။

(၇)ဈေး မီးလောင်မှုကို Level-2 အဆင့်မီးငြှိမ်းသတ်ယာဥ်များစေလွှတ် မီးငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂ နာရီခန့်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။