Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ်အင်ပင်သာရွာနှင့်က​လေးမြို့နယ်မှနတ်​ချောင်းရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်မီးရှို့

ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများက ယနေ့(ဖေဖော်ဝါရီ ၂၂ရက်) နံနက် ၁၁နာရီခန့်ကစတင်ကာ အင်ပင်သာရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခြင်းဖြစ်သည်။

တန့်ဆည်မြို့နယ် အင်ပင်သာရွာနှင့် ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ မီးရှို့နေ၍ ဒေသခံများ ထွက်ပြေးနေရသည်။

” အင်ပင်သာရွာကို ခွေးတွေမီးဝင်ရှို့နေပါပြီ။ ရွာလုံးကျွတ်ဖြစ်ဖို့များပါတယ်” ဟု တန့်ဆည်ပြည်သူကာကွယ်ရေးတပ်၏ ပြန်ကြားရေးစာမျက်နှာက ရုပ်သံမှတ်တမ်းနှင့် တကွ သတင်းထုတ်ပြန်ထားသည်။

ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများက ယနေ့(ဖေဖော်ဝါရီ ၂၂ရက်) နံနက် ၁၁နာရီခန့်ကစတင်ကာ အင်ပင်သာရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခြင်းဖြစ်သည်။

Public Service Announcement

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီက ကလေးမြို့ နတ်ချောင်းရွာကိုလည်း မီးရှို့ဖျက်ဆီးနေသည်ဟု ယနေ့နံနက် ပိုင်းအခြေအနေကို ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ရွာထဲကအိမ်တွေလည်း မီးရှို့နေတယ်။ ရွာအပြင်ဖက်က စစ်ဘေးရှောင်တွေနေတဲ့ နေရာတွေကိုလည်း ရှို့နေတယ်။ လူတွေကတော့ ပြေးလာနိုင်လို့ မထိခိုက်ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ရွာချင်းဆက်နေသည့်ကလေးမြို့နယ် နတ်ချောင်းရွာနှင့် နတ်မြောင်းရွာမှ နေအိမ်အချို့ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့နေကြောင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က လူမှုကွန်ရက်တွင် အတည်ပြု ရေးသားထားသည်။

နတ်ချောင်းရွာသည် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဖျက်ဆီးမှုကို မကြာခဏခံ​နေရပြီးဒေသခံများ နေရပ်စွန့်ခွာနေရသည့် အိမ်ခြေနှစ်ထောင်ခန့်ရှိသော ရွာကြီးဖြစ်သည်။ ဒီဇင်ဘာလအတွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွင် အရပ်သား သုံးဆယ်ဦးထက်မနည်းကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook