Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် အလှည့်ကျစနစ်ဖြင့်မီး​ပေး​မည်ဟုဆိုပြန်

အုပ်စု A နှင့် Bကို အများပြည်သူဟုသာ ယေဘုယျဖော်ပြထားပြီး အုပ်စု Z မှာမူ စက်မှုဇုန်များဖြစ်သည်ဟုသိရသည်။စက်မှုဇုန်များမှာ နံနက် ၉နာရီ ညနေ ၅နာရီထိသာလျှပ်စစ်ဓာတ်အားရရှိမည်ဟု ဖော်ပြထားသည်။

▪️အများပြည်သူများအား ၄နာရီခြားတစ်ခါ စနစ်ဟုဆို

ရန်ကုန်မြို့၏ ခရိုင်လေးခုအနက် အလှည့်ကျမီးဖြတ်မည့် မြို့နယ်စာရင်းများကို အကြမ်းဖက်စစ်​​ကောင်စီလက်​​အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး
ရှင်း(YESC)၏ ကြေညာစာ ထွက်ပေါ်လာသည်။

မတ်လအတွက် ဓာတ်အားဖြန့်ဖြူးပေးမည့် အစီအစဥ် ဟုဆိုကာ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် ၊ မြောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်ဟူ၍ ​ဖော်ပြထားသည်။

အုပ်စု A နှင့် Bကို အများပြည်သူဟုသာ ယေဘုယျဖော်ပြထားပြီး အုပ်စု Z မှာမူ စက်မှုဇုန်များဖြစ်သည်ဟုသိရသည်။စက်မှုဇုန်များမှာ နံနက် ၉နာရီ ညနေ ၅နာရီထိသာလျှပ်စစ်ဓာတ်အားရရှိမည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အုပ်စု A နှင့် Bကို တစ်ရက် ၄နာရီခြားတစ်ခါ အလှည့်ကျ မီးလာ ၊မီးဖြတ်စနစ်ဖြင့်ကျင့်သုံးမည်ဟုဆိုသည်။

“အခုထိလည်း မီးကတစ်ရက်လုံးနေမှ နှစ်နာရီ သုံးနာရီ တောက်လျှောက်လာတာကို မရှိဘူး။”ဟု မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်​ကောင်စီကသဘာဝဓါတ်​ငွေ့စီမံကိန်းများပြုပြင်ရန်ဟုဆိုက မတ် ၁၂ ရက်မှ ၁၈ ရက်အထိ့တစ်ပါတ်တိုင် အချို့​နေ့များတွင် ၂၄ နာရီစလုံးမီးပြက်​တောက်ခဲ့သဖြင့် ပြည်သူများမီးပြတ်မှု ဒဏ်ကိုဆိုးရွားစွာကြုံခဲ့ရသည်။အာဏာလုယူထား​သောစစ်​ကောင်စီလက်​အောက်တွင်ကဏ္ဍာ​ပေါင်းစုံတွင် အ​ခြေအ​နေများဆိုးဝါးသထက်ဆိုးဝါးလာ၍ ပြည်သူများကပြင်းထန်စွာ​ဝေဖန်ပြစ်တင်​နေကြသည်။

အဆိုပါအလှည့်ကျမီး​ပေးစနစ်မှာ မတ် ၁၉ တွင်စတင်စမ်းစပ်မည်ဟုလည်း​ပြော​နေကြသည်။အလှည်ကျမီး​ပေးရန်ဆိုကာအုပ်စုအလိုက်ခွဲခြားထား​သောပုံတွင် နံနက် ၅နာရီ မှ ၉နာရီ တစ်ပိုင်း၊ ၉နာရီမှ နေ့လည် ၁နာရီ တစ်ပိုင်း၊ ၁နာရီမှ ညနေ ၅နာရီ တစ်ပိုင်း၊ ညနေ ၅နာရီ မှ ည ၉နာရီ တစ်ပိုင်း၊ည ၉နာရီမှ နောက်တစ်ရက် နံနက် ၁နာရီ ထိတစ်ပိုင်းနှင့် နံနက် ၁နာရီမှ နံနက် ၅နာရီထိ စသဖြင့် ပိုင်းခြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

Facebook