Connect with us

Hi, what are you looking for?

News

မင်းစုံ​တောင်​ဘေးမဲ့​တောတွင် သယံဇာတခိုးထုတ်​နေသူများကို နွားထိုးကြီး PDFသတိ​ပေး

ထိုအပြင်မီးသွေးထုတ်လုပ်နေသူများ၊ ချိန်းဆောမောင်းသူများ၊ သစ်ခိုးထုတ်ရာတွင် ပါဝင်ပတ်သက်နေသူ မည်သူမဆို ဆက်လက်လုပ်ကိုင်နေပါက ၎င်းတို့၏အသက်ကို အာမခံချက် လုံးဝပေးနိုင်မည်မဟုတ်ကြောင်း နွားထိုးကြီး pdfက သတိပေးထားသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ မင်းစုံတောင်ဘေးမဲ့တော သစ်တောဦးစီးနှင့် စစ်​ကောင်စီလက်​အောက်ခံရဲများအပါအဝင်သဘာဝသယံဇာတခိုးထုတ်နေသူများအား ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် နွားထိုးကြီး PDFအဖွဲ့က သတိပေးသည်။

နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်ဘေးမဲ့တောရှိ တာဝန်ကျသစ်တောဦးစီး ဒေါ်လေးလေးခိုင်နှင့် အကြမ်းဖက်စစ်ကောင်စီလက်​အောက်ခံ ရဲများပူးပေါင်းကာ သဘာဝသယံဇာတများ၊ နှစ်ရှည်ပင်ကြီးများကို သစ်ခိုးထုတ်မှုများ တွင်တွင်ကျယ်ကျယ်ပြုလုပ်နေသောကြောင့် ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် သတိကြောင်း၊ ထိုကိစ္စများ ဆက်လက်လုပ်ဆောင်နေပါက ပတ်သက်နေသူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။

ထိုအပြင်မီးသွေးထုတ်လုပ်နေသူများ၊ ချိန်းဆောမောင်းသူများ၊ သစ်ခိုးထုတ်ရာတွင် ပါဝင်ပတ်သက်နေသူ မည်သူမဆို ဆက်လက်လုပ်ကိုင်နေပါက ၎င်းတို့၏အသက်ကို အာမခံချက် လုံးဝပေးနိုင်မည်မဟုတ်ကြောင်း နွားထိုးကြီး pdfက သတိပေးထားသည်။

“ဘေးမဲ့တော့က ကြယ်လိပ်တွေ ခိုးရောင်းတယ်။ သစ်တွေ နေ့တိုင်းထုတ်နေတယ်။ သစ်လုပ်တဲ့သူတွေက ပေါ်တင် လုပ်နေတာ။ တောပစ်တွေကိုခွင့်ပြုပေးထားတယ်။ သစ်လုပ်တဲ့သူတွေက အဲ့ဒီနားက ပြည်သူဆိုင်ကယ်တွေ ခိုးတယ်။ ဒါကြောင့် ခုလိုသတိပေးရတာပါ။”ဟု နွားထိုးကြီး PDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းစုံတောင် ဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး ငှက်မျိုးစိတ်ပေါင်း (၇၀)ကျော် ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ (၂၆)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ လိပ်ပြာအမျိုးပေါင်း (၅၀)ကျော်​ရှင်သန်နေထိုင်သည်။ အဓိကအားဖြင့် မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များရှိသည်။

ကြယ်လိပ်များအား နိုင်ငံခြားဈေးကွက်သို့တင်သွင်းရန်(အထူးသဖြင့် ဂျပန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန်အဖြစ်) ဖမ်းဆီးမှုများလ​ည်း ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook