Connect with us

Hi, what are you looking for?

News

မင်းစုံ​တောင်​ဘေးမဲ့​တောတွင် သယံဇာတခိုးထုတ်​နေသူများကို နွားထိုးကြီး PDFသတိ​ပေး

ထိုအပြင်မီးသွေးထုတ်လုပ်နေသူများ၊ ချိန်းဆောမောင်းသူများ၊ သစ်ခိုးထုတ်ရာတွင် ပါဝင်ပတ်သက်နေသူ မည်သူမဆို ဆက်လက်လုပ်ကိုင်နေပါက ၎င်းတို့၏အသက်ကို အာမခံချက် လုံးဝပေးနိုင်မည်မဟုတ်ကြောင်း နွားထိုးကြီး pdfက သတိပေးထားသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ မင်းစုံတောင်ဘေးမဲ့တော သစ်တောဦးစီးနှင့် စစ်​ကောင်စီလက်​အောက်ခံရဲများအပါအဝင်သဘာဝသယံဇာတခိုးထုတ်နေသူများအား ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် နွားထိုးကြီး PDFအဖွဲ့က သတိပေးသည်။

နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်ဘေးမဲ့တောရှိ တာဝန်ကျသစ်တောဦးစီး ဒေါ်လေးလေးခိုင်နှင့် အကြမ်းဖက်စစ်ကောင်စီလက်​အောက်ခံ ရဲများပူးပေါင်းကာ သဘာဝသယံဇာတများ၊ နှစ်ရှည်ပင်ကြီးများကို သစ်ခိုးထုတ်မှုများ တွင်တွင်ကျယ်ကျယ်ပြုလုပ်နေသောကြောင့် ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် သတိကြောင်း၊ ထိုကိစ္စများ ဆက်လက်လုပ်ဆောင်နေပါက ပတ်သက်နေသူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။

ထိုအပြင်မီးသွေးထုတ်လုပ်နေသူများ၊ ချိန်းဆောမောင်းသူများ၊ သစ်ခိုးထုတ်ရာတွင် ပါဝင်ပတ်သက်နေသူ မည်သူမဆို ဆက်လက်လုပ်ကိုင်နေပါက ၎င်းတို့၏အသက်ကို အာမခံချက် လုံးဝပေးနိုင်မည်မဟုတ်ကြောင်း နွားထိုးကြီး pdfက သတိပေးထားသည်။

“ဘေးမဲ့တော့က ကြယ်လိပ်တွေ ခိုးရောင်းတယ်။ သစ်တွေ နေ့တိုင်းထုတ်နေတယ်။ သစ်လုပ်တဲ့သူတွေက ပေါ်တင် လုပ်နေတာ။ တောပစ်တွေကိုခွင့်ပြုပေးထားတယ်။ သစ်လုပ်တဲ့သူတွေက အဲ့ဒီနားက ပြည်သူဆိုင်ကယ်တွေ ခိုးတယ်။ ဒါကြောင့် ခုလိုသတိပေးရတာပါ။”ဟု နွားထိုးကြီး PDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းစုံတောင် ဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး ငှက်မျိုးစိတ်ပေါင်း (၇၀)ကျော် ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ (၂၆)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ လိပ်ပြာအမျိုးပေါင်း (၅၀)ကျော်​ရှင်သန်နေထိုင်သည်။ အဓိကအားဖြင့် မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များရှိသည်။

ကြယ်လိပ်များအား နိုင်ငံခြားဈေးကွက်သို့တင်သွင်းရန်(အထူးသဖြင့် ဂျပန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန်အဖြစ်) ဖမ်းဆီးမှုများလ​ည်း ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်​ကြောင်းကိုလည်း PDFများတိုက်ခိုက်

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။