Connect with us

Hi, what are you looking for?

News

မတူပီမြို့နယ်ရှိ ရမ်တိန်းရွာကို စစ်ကောင်စီ မီးရှို့နေဟု CDF ထုတ်ပြန်

အဆိုပါ ကျေးရွာရှိ ဒေသခံပြည်သူများလည်း လွတ်ရာသို့ အရေးပေါ် ထပ်မံထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု ဆိုသည်။

People's Spring
People's Spring

ချင်းပြည်နယ် မတူပီမြို့နယ် ရမ်တိန်းရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန် သည်။

ကျောက်ထုမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော ယာဉ်တန်းနှင့် အဆိုပါယာဉ်တန်းကို ဆင်းကြိုသော မတူပီအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၆ရက် နေ့လယ် ၁၂နာရီမှစ၍ မင်းတပ် -မတူပီလမ်း မိုင်တိုင်အမှတ်(၈၄)ရှိ ရမ်တိန်းရွာကို မီးရှို့နေရာ နေ့လယ် ၁နာရီကျော်အထိ မီးလောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကျေးရွာရှိ ဒေသခံပြည်သူများလည်း လွတ်ရာသို့ အရေးပေါ် ထပ်မံထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု ဆိုသည်။

ထိုသို့ မီးရှို့ခြင်းသည် ပြီးခဲ့သည့် မတ်လ ၃၀ရက်မှ စ၍ ယမန်နေ့ ဧပြီ ၅ရက်အထိ မတူပီ CDFက စစ်ကောင်စီတပ်များကိုခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များသည့်အပေါ် မကျေနပ်၍ ဖြစ်နိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။ မတ်လ ၃၀ရက်မှ ဧပြီ ၅ရက်အတွင်း မတူပီ CDF၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၅ဦးသေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“သေဆုံးတာက ၂၅ယောက်ပဲ။ မနေ့က မိုင်းပေါက်ကွဲတာ ဘာညာကတော့ အကျအဆုံးဆိုတာထက် ဒဏ်ရာတွေတော့ရမယ်လို့ ယူဆတယ်”ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။

ယခု စစ်ကောင်စီယာဉ်တန်း မတူပီမြို့သို့ လာရာလမ်း၌ ကျေးရွာ သုံးရွာ ကျန်ရှိနေသေးကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်များ ဝင်လာမည်ဟု သတင်းရ ကတည်းက ဒေသခံများအား မိမိတို့၏ အဖိုးတန်ပစ္စည်းများယူ ဆောင်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အသိပေး ပန်ကြားထားကြောင်း မတူပီ CDFတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။