Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီမြို့နယ်ရှိ ရမ်တိန်းရွာကို စစ်ကောင်စီ မီးရှို့နေဟု CDF ထုတ်ပြန်

အဆိုပါ ကျေးရွာရှိ ဒေသခံပြည်သူများလည်း လွတ်ရာသို့ အရေးပေါ် ထပ်မံထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု ဆိုသည်။

People's Spring
People's Spring

ချင်းပြည်နယ် မတူပီမြို့နယ် ရမ်တိန်းရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန် သည်။

ကျောက်ထုမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော ယာဉ်တန်းနှင့် အဆိုပါယာဉ်တန်းကို ဆင်းကြိုသော မတူပီအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၆ရက် နေ့လယ် ၁၂နာရီမှစ၍ မင်းတပ် -မတူပီလမ်း မိုင်တိုင်အမှတ်(၈၄)ရှိ ရမ်တိန်းရွာကို မီးရှို့နေရာ နေ့လယ် ၁နာရီကျော်အထိ မီးလောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကျေးရွာရှိ ဒေသခံပြည်သူများလည်း လွတ်ရာသို့ အရေးပေါ် ထပ်မံထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု ဆိုသည်။

ထိုသို့ မီးရှို့ခြင်းသည် ပြီးခဲ့သည့် မတ်လ ၃၀ရက်မှ စ၍ ယမန်နေ့ ဧပြီ ၅ရက်အထိ မတူပီ CDFက စစ်ကောင်စီတပ်များကိုခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များသည့်အပေါ် မကျေနပ်၍ ဖြစ်နိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။ မတ်လ ၃၀ရက်မှ ဧပြီ ၅ရက်အတွင်း မတူပီ CDF၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၅ဦးသေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“သေဆုံးတာက ၂၅ယောက်ပဲ။ မနေ့က မိုင်းပေါက်ကွဲတာ ဘာညာကတော့ အကျအဆုံးဆိုတာထက် ဒဏ်ရာတွေတော့ရမယ်လို့ ယူဆတယ်”ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။

ယခု စစ်ကောင်စီယာဉ်တန်း မတူပီမြို့သို့ လာရာလမ်း၌ ကျေးရွာ သုံးရွာ ကျန်ရှိနေသေးကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်များ ဝင်လာမည်ဟု သတင်းရ ကတည်းက ဒေသခံများအား မိမိတို့၏ အဖိုးတန်ပစ္စည်းများယူ ဆောင်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အသိပေး ပန်ကြားထားကြောင်း မတူပီ CDFတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။