Connect with us

Hi, what are you looking for?

News

တောင်ဒဂုံ ကမ္ဘာ့ရတနာဘဏ် မန်​နေဂျာ​သေနတ်ဖြင့်ပစ်ခံရ

ဘဏ်မန်နေဂျာ စောမိုးဝင်းကို မည်သူကပစ်ခတ်သည်၊ မည်သည့်အတွက်​ကြောင့်ပစ်ခတ်သည်စသည်တို့ကိုမူမသိရ​သေးပါ။

တောင်ဒဂုံမြို့နယ်၊မောင်းမကန်လမ်း၌ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ စောမိုးဝင်းဆိုသူ ယ​နေ့နံနက်တွင်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဧပြီ ၁၈ ရက်) နံနက် ၈ နာရီခွဲခန့်က ဘဏ်ဖွင့်လှစ်ရန် ဘဏ်မန်​နေဂျာစိုးမိုးဝင်းက ဘဏ်ရှေ့၌ ကားပေါ်မှအဆင်းတွင် နောက်မှလိုက်ပါလာသည့် ယာဥ်တစ်စီးပေါ်မှ ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

“ ကျွန်တော်တို့ သွားကြည့်တော့။ဗိုက်ကို နှစ်ချက်ထိထားတာ။၁၅ မိနစ်လောက်နေတော့ အရေးပေါ်ကားနဲ့ စခ တပ်ရောက်လာပြီး စစ်ဆေးတာတွေလုပ်တော့တာပဲ” ဟု ဖြစ်စဥ်အနီး နေထိုင်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဘဏ်မန်နေဂျာ စောမိုးဝင်းကို မည်သူကပစ်ခတ်သည်၊ မည်သည့်အတွက်​ကြောင့်ပစ်ခတ်သည်စသည်တို့ကိုမူမသိရ​သေးပါ။

Public Service Announcement

Public Service Announcement

သို့သော် အကြမ်းဖက်စစ်အုပ်စုနှင့် နီးစပ်​သော မီဒီယာနှင့်လော်ဘီများကမူ ကမ္ဘာ့ရတနာဘဏ်ဖြစ်စဉ်တွင်ဓားပြတိုက်မည့်သူကို မန်နေဂျာမှဝင်ရောက်သတ်ပုတ်ရာမှ သေနတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းလူမှုကွန်ယက်တွင် ဖြန့်ဝေလျှက်ရှိသည်။

ယ​နေ့မှာသကြ်န်ရုံးပိတ်ရက်များအပြီး ရုံးများပြန်ဖွင့်​သောပထမဆုံး​နေ့ဖြစ်ပြီး ၊အထက်ပါ ဖြစ်စဥ်ဖြစ်ပွားချိန်မှာ ဘဏ်ဖွင့်ချိန် မ​ရောက်​သေး​ပေ။

လက်ရှိတွင် တောင်ဒဂုံမြို့နယ်အဝင်အထွက်လမ်းများအားလုံးကို အကြမ်းဖက်စစ်တပ်က လမ်းများပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။

ဘဏ်မန်​နေဂျာ ​စောမိုးဝင်းမှာ စစ်တပ်မှအရာရှိ​ဟောင်းဖြစ်ပြီး ​သေနတ်ဒဏ်ရာ​ကြောင့်​သေဆုံးသွား​ကြောင်း သတင်းထွက်​ပေါ်လာ​သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပေ။

စစ်အုပ်စုမှအရာရှိ​​ဟောင်း ဝန်ကြီး​ဟောင် ဦး​မောင်​မောင်သိမ်း ဦး​ဆောင်ဖွင့်လှစ်ထားပြီး စစ်တပ်အရာရှိ​ဟောင်းများ၏အများစုရှယ်ယာ အများစုပါဝင်​​သောကမ္ဘာ့ရတနာဘဏ်သည် စစ်တပ်ကအာဏာလုယူပြီး​နောက်ပိုင်း ဓါးပြမကြာခဏအတိုက်ခံရ​သော ဘဏ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သု၀ဏ္ဏပရဟိတအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ပြည်သူများ ဖိနှိပ်နေသည့် သိန်းငှက်‌ပျူစောထီးအဖွဲ့ကို မြို့ပြကြွက်ကွန်ရက်အတွင်းရှိ ပြောက်ကျားရဲဘော်များက လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ထိုင်းနိုင်ငံမှာ လုံးထွေး သတ်ပုတ်ရာက မြန်မာ လူငယ် တစ်ဦးဟာ အသက် ၇၀ အရွယ် ထိုင်းအမျိုးသားကြီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မိခဲ့ကြောင်း သိရပါတယ်။