Connect with us

Hi, what are you looking for?

News

မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်းအားသွားလာခွင့်ယာယီပိတ်သိမ်းထားကြောင်း ချောင်းဦး PDF အသိ​ပေး

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ချောင်းဦး PDF က သတိ​ပေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်းအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့်ယာာယီပိတ်သိမ်းထားကြောင်း ချောင်းဦး PDF အဖွဲ့က ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်းအား ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀း၀၀ ဝန်းကျင် ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF အဖွဲ့က အတိပေးထားခြင်းဖြစ်သည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ချောင်းဦး PDF က သတိ​ပေးသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ချောင်းဦး PDF အဖွဲ့က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသတွင်းမဟာမိတ်အဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

​ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ ချောင်းဦးလမ်းပိုင်း၌ ဆန္ဒပြသပိတ်စစ်ကြောင်းအား လုံခြုံရေး ပွိိုင့်ကင်းတာဝန်ယူပေးနေသည့် ချောင်းဦး PDF အဖွဲ့မှ ရဲဘော်၅ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

Facebook