Connect with us

Hi, what are you looking for?

News

ဒဂုံတက္ကသိုလ်ကျောင်းသားငါးဦး မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

ပျောက်ဆုံးနေသည့် ကျောင်းသား ငါးဦးကို လိုက်လံ စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ (ဧပြီ ၂၂) နံနက်ပိုင်းအထိ မည်သို့မျှ စုံစမ်း၍ မရသေး​ကြောင်း သမဂ္ဂအဖွဲ့ဝင် ကျောင်းသားလူငယ်တစ်ဦးက ​ပြော သည်။

ဓာတ်ပုံ - ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

▪️အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံရခြင်းဖြစ်နိုင်ဟုဆို

ဒဂုံတက္ကသိုလ်ကျောင်းသားငါးဦးသည် ယမန်နေ့ (ဧပြီ ၂၁)ကစ၍ မိသားစုများ၊ မိတ်ဆွေများနှင့် အဆက် အသွယ် ပြတ်တောက်လျက်ရှိနေကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

အဆိုပါကျောင်းသားငါးဦးမှာ ခန့်ဇင်ဝင်း၊ သူရမောင်မောင်၊ ဇော်လင်းနိုင်၊ သီဟထက်ဇော် နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းဖြစ်သည့် ဟိန်းထက်တို့ ဖြစ်ကြသည်။

၎င်းတို့ ငါးဦးသည် ဧပြီ ၂၁ရက်ကစ၍ အဆက်အသွယ် ပြတ်တောက်သွားပြီး အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခြင်းကိုခံထားရခြင်း ဖြစ်နိုင်သည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသည့် ကျောင်းသား ငါးဦးကို လိုက်လံ စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ (ဧပြီ ၂၂) နံနက်ပိုင်းအထိ မည်သို့မျှ စုံစမ်း၍ မရသေး​ကြောင်း သမဂ္ဂအဖွဲ့ဝင် ကျောင်းသားလူငယ်တစ်ဦးက ​ပြော သည်။

“မနေ့ထဲက သူတို့ ငါးယောက်နဲ့ အဆက်အသွယ်ပြတ်သွားတာ ဒီနေ့ထိ ပြန်မရသေးဘူး။ ဖုန်းတွေလဲ ဆက်မရဘူး။ ဘယ်ရောက်နေမှန်းလဲ မသိရဘူး။ စုံစမ်းနေတုန်းပါပဲ။ စစ်တပ်က ဖမ်းဆီးသွားတယ် လို့တော့ ထင်တယ်။ ဘေးကင်းဖို့ပဲ ဆုတောင်းနေရတယ်”ဟု ၎င်းက ပြော သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook