Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒဂုံတက္ကသိုလ်ကျောင်းသားငါးဦး မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

ပျောက်ဆုံးနေသည့် ကျောင်းသား ငါးဦးကို လိုက်လံ စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ (ဧပြီ ၂၂) နံနက်ပိုင်းအထိ မည်သို့မျှ စုံစမ်း၍ မရသေး​ကြောင်း သမဂ္ဂအဖွဲ့ဝင် ကျောင်းသားလူငယ်တစ်ဦးက ​ပြော သည်။

ဓာတ်ပုံ - ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

▪️အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံရခြင်းဖြစ်နိုင်ဟုဆို

ဒဂုံတက္ကသိုလ်ကျောင်းသားငါးဦးသည် ယမန်နေ့ (ဧပြီ ၂၁)ကစ၍ မိသားစုများ၊ မိတ်ဆွေများနှင့် အဆက် အသွယ် ပြတ်တောက်လျက်ရှိနေကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

အဆိုပါကျောင်းသားငါးဦးမှာ ခန့်ဇင်ဝင်း၊ သူရမောင်မောင်၊ ဇော်လင်းနိုင်၊ သီဟထက်ဇော် နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းဖြစ်သည့် ဟိန်းထက်တို့ ဖြစ်ကြသည်။

၎င်းတို့ ငါးဦးသည် ဧပြီ ၂၁ရက်ကစ၍ အဆက်အသွယ် ပြတ်တောက်သွားပြီး အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခြင်းကိုခံထားရခြင်း ဖြစ်နိုင်သည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသည့် ကျောင်းသား ငါးဦးကို လိုက်လံ စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ (ဧပြီ ၂၂) နံနက်ပိုင်းအထိ မည်သို့မျှ စုံစမ်း၍ မရသေး​ကြောင်း သမဂ္ဂအဖွဲ့ဝင် ကျောင်းသားလူငယ်တစ်ဦးက ​ပြော သည်။

“မနေ့ထဲက သူတို့ ငါးယောက်နဲ့ အဆက်အသွယ်ပြတ်သွားတာ ဒီနေ့ထိ ပြန်မရသေးဘူး။ ဖုန်းတွေလဲ ဆက်မရဘူး။ ဘယ်ရောက်နေမှန်းလဲ မသိရဘူး။ စုံစမ်းနေတုန်းပါပဲ။ စစ်တပ်က ဖမ်းဆီးသွားတယ် လို့တော့ ထင်တယ်။ ဘေးကင်းဖို့ပဲ ဆုတောင်းနေရတယ်”ဟု ၎င်းက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။

သတင်း

ယနေ့ (သြဂုတ် ၁၆) ညနေ ၄ နာရီခွဲခန့်တွင် အောက်မင်္ဂလာဒုံလမ်းပေါ်၌ ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်လွန်ပြီး ကိုယ်ပိုင်အထက်ကျောင်းတစ်ခု၏ ကျောင်းကားနှင့် အိမ်စီးကားတို့ကို ဝင်တိုက်ကာ သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။