Connect with us

Hi, what are you looking for?

News

အင်းစိန်​ထောင်ရှိ မတရားဖမ်းဆီးခံနိုင်ငံ​ရေးအကျဥ်းသားအချို့အား ​​ထောင်​ပြောင်း​ရွှေ့​​

လက်တလော ထောင်ပြောင်းရွှေ့ခံရသူများထဲတွင် ဖမ်းဆီးခံထားရသော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအမှုဆောင်များလည်း ပါဝင်နေသည်ဟုလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန် အသိပေးသည်။

(ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်​နေ့က အကျဥ်းသားလွတ်​ပေးမည်ဆို​သော​ကြောင့် အင်းစိန်​ထောင်​ရှေ့၌ ​စောင့်ဆိုင်​နေသူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

အင်းစိန်ဗဟိုအကျဥ်းထောင်ရှိ ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများနှင့် ကျောင်းသားများအနက် အချို့ကို ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်​နေကြောင်း မတရားဖမ်းဆီးခံရသူများ၏ ကိုယ်စားလှယ်ရှေ့နေ့များက People’s Springသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၄ ရက်)ကစ၍ မွန်ပြည်နယ်ကျိုက်မရောထောင်နှင့် ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်သို့ အမျိုးသား ၁၂၀ နှင့် အမျိုးသမီး ၄၀ ခန့်ပါဝင်သည်ဟု ဆိုသည်။

“စစ်တပ်ကို ဆန့်ကျင်လို့ကျသွားတဲ့ ဒါမှမဟုတ် အမှုရင်ဆိုင်နေရတဲ့ သူတွေကို ခေတ်အဆက်ဆက် ပြောင်းရွှေ့မှု တွေရှိခဲ့တယ်။အခုလည်း သူတို့ လုပ်နေတယ်။ဒါတောင် နယ်မြေ မတည်ငြိမ်သေးလို့ အနည်း ငယ်ပဲသူတို့ ရွှေ့နိုင်သေးတာ”ဟု ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများ၏ အမှုများကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေတစ်ဦးက ရှင်းပြသည်။

အလားတူ အင်းစိန်ထောင်အတွင်းရှိ သီးသန့်ဆောင်မှ နိုင်ငံရေးအကျဥ်းသားများကိုလည်း ထောင်မကြီး အတွင်းသို့ ပြောင်းရွှေ့မှုများလည်း လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လက်တလော ထောင်ပြောင်းရွှေ့ခံရသူများထဲတွင် ဖမ်းဆီးခံထားရသော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအမှုဆောင်များလည်း ပါဝင်နေသည်ဟုလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန် အသိပေးသည်။

ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဥ်းထောင်တွင်း၌ပင် နိုင်ငံရေးအကျဥ်းသားများနှင့် ကျောင်းသားများကို
ကိုယ်ထိလက်ရောက် ဖိနှိပ်မှုများစွာရှိနေကြောင်း ပြန်လည်လွတ် မြောက်လာသူများက ထုတ်ဖော်ပြောကြားထားသည်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း တွင် ၎င်းတို့အား ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံရသူ ၁၃,၃၃၄ ဦး နှင့် သတ်ဖြတ်ခံရသူ ၁,၇၈၂ ဦးရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

အကျဥ်းသားဧည့်တွေ့ခွင့် ငွေကောက်ခံမှုနှင့်ပတ်သက်၍ ရွှေဘိုမြို့ရှိ နိုင်ငံရေးသမားများထံ ဆက်သွယ်မေးမြန်းထားပြီး မှတ်ချက်တစုံတရာ မရရှိသေးပေ။

သတင်း

သာယာဝတီထောင်သည် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုတွင် နာမည်ကြီးသည့် အကျဉ်းထောင် တစ်ခုဖြစ်သည်။

သတင်း

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။