Connect with us

Hi, what are you looking for?

News

မ​လေးရှားအစိုးရပိုင် Petronasကုမ္ပဏီ ရဲတံခွန်စီမံကိန်းမှ နှုတ်ထွက်​

M-12 ၊M-13နှင့် M-14တို့တွင်ရှိသည့် ရဲတံခွန်လုပ် ကွက်သည် Petronas က ၂၀၀၃ ကတည်းက လုပ်ကိုင်​နေပြီး ရှယ်ယာ ၄၀ဒသမ၉ရာခိုင်းနှုန်းပိုင်ဆိုင်ထား သည်။

မ​လေးရှားအစိုးရပိုင် Petronas ကုမ္ပဏီက မြန်မာနိုင်ငံ တွင်လုပ်ကိုင်​နေသည့် ရဲတံခွန်စီမံကိန်းမှ နှုတ်ထွက်​ကြောင်း ယ​နေ့​ကြေညာလိုက်သည်။

Petronas၏ မြန်မာပြည်လုပ်ငန်းခွဲများဖြစ်သည့်
Carigali Myanmar Inc (PCMI) နှင့် PC Myanmar (Hong Kong) Limited (PCML)တို့က မုတ္တမ ပင်လယ်​ကွေ့ရှိ မြန်မာ့ကမ်းလွန်လုပ်ကွက်များဖြစ်သည့် M-12၊ M-13နှင့် M-14တို့ ရပ်နားလိုက်ခြင်းဖြစ်သည်။

နည်းပညာနှင့်စီးပွား​ရေးဆိုင်ရာအကျိုးအမြတ်​ကြောင့် ယခုလို ဆုံးဖြတ်ခြင်းဖြစ်ပြီး ​ပြောင်းလဲ​သောအ​ခြေအ​နေနှင့် စွမ်းအင်ဆိုင်ရာ အ​ပြောင်းလဲ​များ​ကြောင့်လည်း ဖြစ်သည့် Petronasက ဆိုသည်။

M-12 ၊M-13နှင့် M-14တို့တွင်ရှိသည့် ရဲတံခွန်လုပ် ကွက်သည် Petronas က ၂၀၀၃ ကတည်းက လုပ်ကိုင်​နေပြီး ရှယ်ယာ ၄၀ဒသမ၉ရာခိုင်းနှုန်းပိုင်ဆိုင်ထား သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် MOGE က ၂၀.၅ ရာခိုင်နှုန်း၊ Nippon Oil Myanmar က ၁၉.၃ ရာခိုင်နှုန်း၊ PTTEP က ၁၉.၃ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားသည်။

ထွက်ရှိသည့် ဓါတ်​ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချ​နေပြီးရဲတံခွန်လုပ်ကွက်ကို ၂၀၂၃- ၂၄အထိ ဓါတ်​ငွေ့ထုတ် လုပ်ရန်ရည်ရွယ်ထားခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်​ကောင်စီထိန်းချုပ်ထားသည့် MOGEကို ဥ​ရောပသမဂ္ဂက ပိတ်ဆို့အ​ရေးယူများပြုလုပ်ပြီး​နောက် မြန်မာ့ကမ်းလွန်ရှိ သဘာဝဓါတ်​ငွေ့တူး​ဖော်​ရေး ကုမ္ပဏီများ မြန်မာပြည်မှ နှုတ်ထွက်​နေခြင်းလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလားနည်းတူ ကျူးဘားမှာလည်း အစိုးရကို အပြောင်းအလဲလုပ်ဖို့ အမေရိကန်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

သတင်း

၂၀၂၄ခုနှစ်အတွင်း ကုမ္ပဏီ ၂၀,၀၀၀ ခန့်ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက စာရင်းများအရသိရသည်။

သတင်း

၂၀၂၅ ဇန်နဝါရီ ၁ ရက် မနက် ၈ နာရီတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ က နိုင်ငံ​တော်အ​ခြေပြ နှစ်သစ်ကူး မိန့်ခွန်း ​ပြော ကြားမည်ဟု NUG က​ကြေညာထားသည်။