Connect with us

Hi, what are you looking for?

News

သတင်းမီဒီယာသမား ၅၇ ဦးဖမ်းဆီးခံထားရပြီးအမျိုးသမီး ၉ ဦးပါဝင်

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders −RSF)ရဲ့ ၂၀၂၁ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းဟာ နိုင်ငံပေါင်း ၁၈၀အနက် ကမ္ဘာ့အဆင့် ၁၄၀ အထိလျောကျသွားတာတွေ့ရပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဒီနေ့မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့သတင်းမီဒီယာ လွတ်လပ်ခွင့်ကတော့ ဆယ်စုနှစ်တစ်ခုစာ နောက်ပြန်သွားတယ်လို့ သတင်းမီဒီယာလွတ်လပ်ခွင့်စောင့်ကြည့်မှတ်တမ်းတင်တဲ့အဖွဲ့တွေက ထုတ်ပြန်ကြပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders −RSF)ရဲ့ ၂၀၂၁ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းဟာ နိုင်ငံပေါင်း ၁၈၀အနက် ကမ္ဘာ့အဆင့် ၁၄၀ အထိလျောကျသွားတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတိုက်တွေကိုပိတ်ပစ်တာ ၊သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတာတွေကို စစ်အုပ်စုက ဆက်တိုက်လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းတဲ့ရက်ကစပြီး နိုင်ငံတလွှား သတင်းမီဒီယာသမား ၁၁၅ ဦး ဖမ်းဆီးခံခဲ့တယ်လို့ RSF ကဆိုထားပါတယ်။

ဖမ်းမိထားတဲ့သူတွေထဲမှာအချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၁၄ ဦး ထောင်ချခံထားရပြီး လက်ရှိအချိန်ထိ ၅၇ ဦးဟာ မတရားဖမ်းဆီးတရားစွဲခံထားရတယ်လို့ RSF ရဲ့အချက်အလက်အရသိရပါတယ်။

ဒီလိုဆက်လက်ဖမ်းဆီးတရားစွဲခံထားရသူတွေထဲမှာ အမျိုးသမီး ၉ ဦးပါဝင်ပါတယ်။ ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်တာခံလိုက်ရတဲ့ သတင်းသမားဟာ ၃ ဦးထိရှိခဲ့ပါတယ်။

စစ်အုပ်စုဟာ သတင်းမီဒီယာတိုက် အချို့ကို ဝင်စီးနင်းခဲ့သလို သတင်းဌာန ၁၂ ခုရဲ့ လိုင်စင်ကိုပိတ်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ သတင်းမီဒီယာအလုပ်လုပ်ကိုင်တဲ့အတွက် ဖမ်းဆီးတာမျိုးမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အကြမ်းဖက်လို့သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ဆက်သွယ်တာ ၊ နိုင်ငံမတည်မငြိမ်ဖြစ်အောင် လှုံဆော်ရေးသားတာတွေကြောင့်သာ ဖမ်းဆီးရတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ဖမ်းမိရင် နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ၊နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ မတရားအသင်းဆက်သွယ်မှု ၊အီလက်ထရောနစ်ဥပဒေ၊ အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲတာမျိုးတွေလုပ်နေတာတွေ့ရပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook