Connect with us

Hi, what are you looking for?

LuduNwayOo

News

BGF နဲ့ စစ်ကောင်စီတပ်တွေ ရွာသားတွေကိုဖမ်းဆီး ညှဥ်းပမ်းနှိပ်စက်နေ

ဖမ်းဆီးခံရတဲ့ရွာသားတွေဟာ အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံဆီကနေ သိရပါတယ်။

ဘီးလင်း-ဖာပွန်ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မဲပလီစခန်းက နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေတယ်လို့ တပ်မဟာ ၁ နယ်မြေအတွင်းက မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံကနေ သိရပါတယ်။

ကေအဲန်ယူ-ဒူးသထူခရိုင် ဘီးလင်းမြို့နယ်က မဲပလီရွာသားသုံးဦးနဲ့ အစူးချောင်းရွာသားတစ်ဦးတို့ဟာ တောင်ယာလုပ်ကိုင်ရာကနေ ပြန်လာတဲ့အချိန်မှာ BGF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ မေလ ၂ ရက်က အကြောင်းမဲ့ရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

ဖမ်းဆီးခံရတဲ့ရွာသားတွေဟာ အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံဆီကနေ သိရပါတယ်။

“ မနေ့က မဲပလီရွာသား သုံးယောက်နဲ့ အစူးချောင်းရွာသား တစ်ယောက်ကို သူတို့(စစ်ကောင်စီ)ဖမ်းသွားတယ်။ အတင်းရိုက်နှက် ထိုးကြိတ်သွားတယ်။ အခုချိန်ထိ ပြန်လွတ်မလာသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေအတွင်းက အပြစ်မဲ့အရပ်သားပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုတွေ မကြားခဏပြုလုပ်လေ့ရှိပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေမှာ ဒေသခံအမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေကို အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည် လုပ်ဆောင်လျက်ရှိနေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။