Connect with us

Hi, what are you looking for?

News

BGF နဲ့ စစ်ကောင်စီတပ်တွေ ရွာသားတွေကိုဖမ်းဆီး ညှဥ်းပမ်းနှိပ်စက်နေ

ဖမ်းဆီးခံရတဲ့ရွာသားတွေဟာ အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံဆီကနေ သိရပါတယ်။

ဘီးလင်း-ဖာပွန်ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မဲပလီစခန်းက နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေတယ်လို့ တပ်မဟာ ၁ နယ်မြေအတွင်းက မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံကနေ သိရပါတယ်။

ကေအဲန်ယူ-ဒူးသထူခရိုင် ဘီးလင်းမြို့နယ်က မဲပလီရွာသားသုံးဦးနဲ့ အစူးချောင်းရွာသားတစ်ဦးတို့ဟာ တောင်ယာလုပ်ကိုင်ရာကနေ ပြန်လာတဲ့အချိန်မှာ BGF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ မေလ ၂ ရက်က အကြောင်းမဲ့ရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

ဖမ်းဆီးခံရတဲ့ရွာသားတွေဟာ အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံဆီကနေ သိရပါတယ်။

“မနေ့က မဲပလီရွာသား သုံးယောက်နဲ့ အစူးချောင်းရွာသား တစ်ယောက်ကို သူတို့(စစ်ကောင်စီ)ဖမ်းသွားတယ်။ အတင်းရိုက်နှက် ထိုးကြိတ်သွားတယ်။ အခုချိန်ထိ ပြန်လွတ်မလာသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေအတွင်းက အပြစ်မဲ့အရပ်သားပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုတွေ မကြားခဏပြုလုပ်လေ့ရှိပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေမှာ ဒေသခံအမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေကို အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည် လုပ်ဆောင်လျက်ရှိနေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook