Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၂)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းသုံးခု လာမည့်သုံးရက်အတွင်း အပြီးတိုင်ရုပ်သိမ်းထွက်ခွာရန် KNLA တပ်ရင်း(၆) သတိ​ပေး

“တပ်မဟာ(၂)မှာက အရင်လည်းထုတ်ပြန်ထားဖူးတယ်။ ပထမဦးဆုံးထုတ်တာ တပ်မဟာ(၅)ပေါ့။ ပြီးတော့ တပ်မဟာ(၁)၊ တပ်မဟာ(၆)နဲ့ တပ်မဟာ(၂)မှာ အခုလို ထုတ်ပြန်တာတွေရှိတာပေါ့”ဟု KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ ခုနစ်ခုရှိသည်အနက် လေးခု၏ နယ်မြေများရှိ စစ်ကောင်စီတပ်စခန်းများ ရုပ်သိမ်းရန် သတိပေးထား

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၂)နယ်မြေ တောင်ငူခရိုင်အတွင်းရှိ တပ်စခန်း သုံးခုကို မေလ ၁၇ရက် နောက်ဆုံးထား၍ အပြီးတိုင် ရုပ်သိမ်းထွက်ခွာရန် KNLA တပ်ရင်း(၆)က မေလ ၈ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

တပ်ရင်း(၆)နယ်မြေရှိ ပြည်သူလူထုများ၏ နေ့စဉ်သွား လာရေးကို ခြိမ်းခြောက်နေပြီး ပြည်သူလူထုများကို စိုးရိမ်ကြောက်လန့်မှု ဖြစ်ပေးစေသည့် ဘုမ္မတီးစခန်း၊ တောင်ကြီးစခန်းနှင့် ရှားစေးဘို စစ်စခန်းများ တည်ရှိနေခြင်းကို လုံး၀ လက်မခံနိုင်ကြောင်း KNLA တပ်ရင်း (၆) က ကြေညာခဲ့ပြီး စာထုတ်ပြန်သည့်နေ့မှစ၍ ၁၀ရက် အတွင်း တပ်စခန်းများ အပြီးတိုင် ရုပ်သိမ်းထွက်ခွာရန် ဖော်ပြခဲ့ရာ လာမည့်မေလ ၁၇ရက်တွင် အချိန်ပြည့်မည်ဖြစ်သည်။

အဆိုပါ စစ်စခန်းသုံးခုသည် ယင်းဒေသရှိ လူထုများအတွက် ထိတ်လန့်ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများ ကြောင့် နေ့စဉ်သွားလာရေး၌ အဟန့်အတား အခက်အခဲ ဖြစ်ရခြင်း၊ ၎င်းတို့၏ ဦးတည်ချက်မဲ့ ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများအား စိုးရိမ်ကြောက်လန့်နေရခြင်းအစရှိသည့် ဒုက္ခများအား ခံစားနေခဲ့ကြရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အပြီးတိုင် ရုပ်သိမ်းထွက်ခွာသွားရန် သတ်မှတ်ထားသည့် ရက်ကျော်လွန်၍ ဆက်လလက်တပ်စွဲနေသးပါကနောက်ဆက်တွဲကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တောင်ငူခရိုင် KNLA တပ်ရင်း(၆)နယ်မြေအတွင်း စစ်စခန်းများ တည်ဆောက် တပ်စွဲထားခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး အဆိုပါ တပ်စခန်းမျာသည် ပြည်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေများ နှင့် ကျေးရွာများအတွင်း ကျရောက်လျက်ရှိကြောင်း၊ ၎င်းတို့ တပ်စွဲထားခြင်းသည် ကရင်လူထုနှင့် တိုင်းရင်းသား ပြည်သူများအတွက် မည်သည့် ကောင်းကျိုးမျှ မရှိသည့်အပြင် လယ်ယာလုပ်ငန်းများ တောင်ယာလုပ်ငန်းများ ၊ တိရိစ္ဆာန် မွေးမြူရေး လုပ်ငန်းများနှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ အဟန့်အ တား အခက်အခဲဖြစ်လျက်ရှိကြောင်း ထုတ်ပြန် သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်စခန်းများ အပြီးတိုင် ရုပ်သိမ်းရန် ကြေညာချက်များကို KNU လက်အောက်ခံ အခြားတပ်ရင်း တပ်ဖွဲ့များကလည်း ကြေညာချက်ထုတ်ပြန်ထားသည်။

“တပ်မဟာ(၂)မှာက အရင်လည်းထုတ်ပြန်ထားဖူးတယ်။ ပထမဦးဆုံးထုတ်တာ တပ်မဟာ(၅)ပေါ့။ ပြီးတော့ တပ်မဟာ(၁)၊ တပ်မဟာ(၆)နဲ့ တပ်မဟာ(၂)မှာ အခုလို ထုတ်ပြန်တာတွေရှိတာပေါ့”ဟု KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ရက်ကလည်း တပ်မဟာ(၂)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း (၄)က ကြေညာချက်ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ ကျီးချောင်းစစ်စခန်းနှင့် (၄၈)မိုင် ကိုးဒေး စစ်စခန်းများ ၁၅ရက်အတွင်း အပြီးတိုင် ရုပ်သိမ်းထွက်ခွာရန် ကြေညာခဲ့ဖူးသည်။

အကယ်၍ သတ်မှတ်ရက်များအတွင်း စစ်ကောင်စီတပ်များ မရုပ်သိမ်းပါက တိုက်ပွဲများပြင်းထန်လာနိုင်သည်ဟု KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။ လက်ရှိ အချိန်သည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook