Connect with us

Hi, what are you looking for?

News

ပျူ​စောထီး​ခေါင်း​ဆောင်တစ်ဦး မိုးကြိုးပစ်ခံရ၍သေ

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်​တောင်များအဖြရ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလဖြစ်​ကြောင်းမိုး​လေဝသပညာရှင်များက​ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးမိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းနေစဥ် စစ်ကိုင်းမြို့နယ် ထန်းတောရွာတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ အုန်းကြီးဆိုသူအား မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာက အသိပေးသည်။

“မနေ့ညနေက မိုးတအားရွာနေတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ အုန်းကြီးကို မိုးကြိုးမှန်ပြီးသေသွားတယ်။ မကောင်းတာလုပ်နေတဲ့သူဆိုတော့ သဘာဝတရားကလဲမနေဘူးဗျ။ အုန်းကြီးက ပန်းချီ နဲ့ မုန်ညင်းချောင်းကြားကရွာ ထန်းတောရွာက ပျူခေါင်းဆောင်ဗျ။ ဒီကောင့်အပေါင်းအပါတွေရှိသေးတယ်။ ဟိုကောင်တွေလဲ လန့်နေလောက်ပြီ။” လို့ ဒေသခံတစ်ဦးကစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မေလ၂၃ရက်နေ့ ညနေ ၆နာရီ၁၅မိနစ်ကလည်းမန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီးလေးယောက်မိုးကြိုးစက်ကွင်းမိခဲ့ပြီး နှစ်ယောက်သေဆုံးကာ နှစ်ယောက်ဒဏ်ရာများရရှိခဲ့သည်။ မိုးကြိုးပစ်​သောအိမ်မှာ နွယ်ရုံ​​ကျေးရွာရှိ စစ်​ကောင်စီလက်​အောက်ရှိရာအိမ်မှူး ထွန်းထွန်းဦး​နေအိမ်တွင်ဖြစ်​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

“ရာအိမ်မှူးအိမ် က‌​လေးမွေးနေ့ပွဲ ဝိုင်းကူပေးနေကြရင်းအပစ်ခံရတာ သူ့မိသားစုတွေတော့မထိဘူး”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

အလားတူမေ ၂၄ရက်နေ့လယ်ပိုင်းတွင်လည်းမန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်၊ နန်းလုံရွာတွင် မိုးရွာ၍သစ်ပင်အောက် မိုးခိုနေသည့် ငရုတ်စိုက်တောင်သူ ၅ ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည်။

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်​တောင်များအဖြရ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလဖြစ်​ကြောင်းမိုး​လေဝသပညာရှင်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေကန်မှာ မိုးသည်းထန်စွာနေချိန်နေအိမ်တစ်လုံးမိုးကြိုးပစ်ခံရပြီးမီးလောင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယား နိုင်ငံမှာ တည်ရှိပြီး ကမ္ဘာ့အံ့ဖွယ် အထင်ကရ အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ အန်ကောဝတ် ဘုရားကျောင်းဝင်းထဲမှာ မိုးကြိုးပစ်ခဲ့ရာက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ကုန်းချမ်းကျေးရွာတွင် အမျိုးသားသုံးဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။