Connect with us

Hi, what are you looking for?

သတင်း

အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့ကဝယ်ယူထား​သောလက်နက်များ​ငွေ​ပေး​ချေရန်နှင့်လက်နက်ထုတ်လုပ်ရန် ပြည်သူများ၏အကူအညီလိုအပ်​နေ

အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် ယင်းမာပင်ခရိုင်အတွင်းရှိဒေသတွင်းအခြား ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည်။

(အရစ်ကျစနစ်ဖြင့်ဝယ်ယူ​ထားသာလက်နက်အချို့နှင့်အမိ​​မြေ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့)
(အရစ်ကျစနစ်ဖြင့်ဝယ်ယူ​ထားသာလက်နက်အချို့နှင့်အမိ​​မြေ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့)

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အခြေစိုက်အမိမြေတော်လှန်ရေးတပ်ဖွဲ့က အဝေးပစ်ရိုင်ဖယ်နှင့်ရှော့ဒုံးများကို ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က အသိပေးသည်။

ပြည်သူများထံမှ ကူညီထောက်ပံ့လှူဒါန်းရရှိသည့် အလှူငွေများအား ဖောက်ခွဲရေးပစ္စည်းများ၊ကျည်တောင့်များဝယ်ယူနိုင်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန်ချေမှုန်းရေးရိုင်ဖယ်တစ်လက် (M4 A1 )၊ ကင်းထောက်ဒရုန်းတစ်စီး၊ ကာဘိုင်အမျိုးအစားအဝေးပစ်ရိုင်ဖယ်တစ်လက်ဝယ်ယူနိုင်ခဲကြောင်းအမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြည်သူသို့အသိပေးသည်။

Public Service Announcement

ထို့အပြင်အဖွဲ့ထုတ်လုပ်ရေးမှ အဝေးပစ်ရိုင်ဖယ်တစ်လက်၊ ရှော့ဒုံးများကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ဝယ်ယူနိုင်ခဲ့သည့်ပစ္စည်းများမှာလည်း ငွေကြေးလုံလောက်၍ မဟုတ်ဘဲ ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန်အတွက်အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ခြင်းသာဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ထို့ကြောင့် ဝယ်ယူထားသည့်ပစ္စည်းများအတွက်အရစ်ကျငွေပေးချေနိုင်ရန်နှင့်ရှော့ဒုံးအများအပြားထုတ်လုပ်နိုင်ရန် ပြည်သူများ၏ ထောက်ပံ့မှုများလိုအပ်နေပါကြောင်း တပ်ဖွဲ့က ပြည်သူသို့ အသိပေးသည်။

Public Service Announcement

Public Service Announcement

အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် ယင်းမာပင်ခရိုင်အတွင်းရှိဒေသတွင်းအခြား ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

Facebook