Connect with us

Hi, what are you looking for?

သတင်း

တွံတေးတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၏ ​နေအိမ်လေးအိမ်တိုက်ခိုက်ခံရ

“တွံတေးမြို့နယ်အတွင်းရှိ အများပြည်သူများ၏ စားဝတ်နေရေး၊ ခရီးသွားလာရေးနှင့်လွတ် လပ် လုံခြုံမှုအားပိတ်ပင်ဟန့်တား၍နှိပ် စက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ ​ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်အရေးယူခြင်းအားဆောင်ရွက်သွားမည်”ဟု ပြောက်ကျားတပ်ဖွဲ့-တွံတေးက ဖော်ပြသည်။

တွံတေး
တွံတေး

ရန်ကုန်တိုင်း တွံတေးမြို့ပေါ်ရှိ ရပ်ကွက်လေးခုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်လေးဦး၏ နေအိမ်များကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးက ယနေ့ (ဇူလိုင် ၂) ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁)ညပိုင်းက ရွှေဆံတော်ရပ်ကွက်နှင့် စျေးသစ်ရပ်ကွက်များမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်များနှင့် အိုးဘိုအနောက်နှင့် အိုးဘိုအရှေ့ရပ်ကွက်များမှ ရာအိမ်မှူးနေအိမ်များကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများတွင် ရွှေဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးနေအိမ်နှင့် အိုးဘိုအနောက်ရပ် ရာအိမ်မှူး အောင်မြင့်ထွန်းနေအိမ်တို့တွင် မိုင်းများပေါက်ကွဲခဲ့သော်လည်း စျေးသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထင်ကျော်နှင့် အိုးဘိုအရှေ့ရပ်ကွက် ရာအိမ်မှူး တင်ထွန်း၏နေအိမ်များတွင်မူ မိုင်းများပေါက်ကွဲခြင်းမရှိဘဲ ကျန်နေခဲ့သည်ဟု အသိပေးသည်။

“တွံတေးမြို့နယ်အတွင်းရှိ အများပြည်သူများ၏ စားဝတ်နေရေး၊ ခရီးသွားလာရေးနှင့်လွတ် လပ် လုံခြုံမှုအားပိတ်ပင်ဟန့်တား၍နှိပ် စက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ ​ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်အရေးယူခြင်းအားဆောင်ရွက်သွားမည်”ဟု ပြောက်ကျားတပ်ဖွဲ့-တွံတေးက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဦးစားပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီအလိုကျ အများပြည်သူအား နိုင့်ထက်စီးနင်းပြုမှုအား ရပ်တန်းက မရပ်ပါက ၎င်းတို့နှင့် မိသားစုဝင်များ၏အသက်အန္တရာယ်ကို သက်ညှာမည်မဟုတ်ကြောင်းသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook